မင်းအောင်လှိုင် 2020 ရွေးကောက်ပွဲ မှာ သူ မဲပေးအပြီးပြောခဲ့တဲ့ TV show မှာ ပြည်သူအများစုက ရွေးချယ်ခဲ့တဲ့ မဲပေး ရလဒ်ကို လက်ခံမှာပါ ဆိုပြီး စပ်ဖြဲဖြဲ စောက်ခွက်ပြောင် ပြောခဲ့ပြီး ဂတိမတည် မျက်နှာ ပြောင်တိုက်ပြီး အာဏာသိမ်းခဲ့တဲ့ စောက်ခွက်ကို မြင်လေလေ ပြည်သူအများစုက စောက်မြင်ကပ်လေ မအေလိုး မင်းအောင်လှိုင်လို့ သမုတ်ပြီးဆဲဆိုခဲ့ကြပြီး ပြည်သူအများစုက သူ့စောက်ခွက်မြင်လေလေ တော်လှန်ချင်လေ ဖြစ်နေကြတာက ခက်တယ် ။ ။ ။
အစိုးရသစ် အကောင်အထည် ဖော်ဖို့ အမေစုလက်ထဲကို နိုင်ငံတော်ကိုအပ် လိုက်ရင် ခုလက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်သွားနိုင်ပြီး ပြည်သူတွေအချင်းချင်း သတ်နေတာတွေ ဆက်မဖြစ်နိုင် လောက်တောာ့ဘဲ ကျရှုံး နိုင်ငံတော်အဖြစ် က လွတ်မြှောက်သွားနိုင်တယ်
အဲဒီနောက် လွှတ်တော်အတွင်းမှာ စစ်တပ်က ယူထားတဲ့ 25% ကို တိုင်းရင်းသား ERO တွေကို ပေးပြီး ဖက်ဆစ်စစ်တပ်က တပ်အလုပ်ကိုဘဲ လုပ်မယ်ဆိုပြီး စစ်တန်းလျားမှာသာနေဖို့ အာမခံပေး နိုင်မယ်ဆိုရင် တိုင်းပြည်မှာ စစ်ပွဲ တွေ ချက်ချင်းရပ်ကာ သွေးထွက်သံယိုနည်းပြီး အကောင်းဖက် ရောက်မယ်
ERO တွေကလည်း ဇဝေ ဇဝါ ဖြစ်ကြပြီး တိုက်တာရပ်ကြလိမ့်မယ်
ဒီလိုမှ မဟုတ် ဖက်ဆစ်တပ်က ဆက်မိုက်ကြမယ်ဆို သူ့အောက်ခြေတပ်သားတွေက ဒီလိုမတရားစစ်မှာ ကိုယ့်မြန်မာ လူမျိုးအချင်းချင်းကိုသတ်ရမယ့် စစ်ပွဲကို မတိုက်ချင်ကြတော့ဘဲ အလံဖြူ ထောင်ဖို့လောက်ဘဲ စဉ်းစားနေကြတာကို အထက်က အရာရှိတွေ သိဖို့လိုပါတယ်
နောက်တခုက ဖက်ဆစ်တပ်ကိုမြှောက်ပေး နေခဲ့ကြတဲ့ ကြံဖွတ်ပါတီနဲ့ အပေါင်းအပါ မိတ်ဖက်ပါတီဝင်တွေ အမျိုးသားရေးတွေ ကလည်း ဖက်ဆစ်တပ် အတွက် အသက်ပေးပြီးလက်နက်ကိုင် တိုက်ကြမယ်ဆိုတာ ခုထိ အသံ တွေ မကြားရဘဲ ဖက်ဆစ်တပ်သား တွေကိုသာ အသေခံ မတိုက်ကြဘဲ အလံဖြူထောင်ကြလို့ အပြစ်တင်ချင်နေကြတာတွေဘဲ တွေ့နေရတယ်
တကယ်ဆို ခုလိုဖက်ဆစ်တပ်အတွက် စစ်အင်အားလိုအပ်နေချိန်မှာ သူတို့က စံပြအနေနဲ့ ရှေ့ဆုံးကထွက်ပြီး တိုက်ပွဲဝင်ဖို့ လုပ်ပြကြရမှာမဟုတ်ဘူးလား ဒီဘောမတွေ တစုတစည်းထဲ အားဖြည့် တိုက်ပွဲ ဝင်ကြရင် ခုတိုက်နေတဲ့ စစ်ပွဲက အဖြေတခု ပြောင်းသွားနိုင်ပါတယ် ဘာလို့ဆို သူတို့ကမှ ဆန့်ကျင်ဘက်ကို မုန်းတီးစိတ်နဲ့တိုက်ကြ ခိုက်ကြ လုပ်ကြ မှနိုင် နိုင်မှာကိုး
စစ်မှုထမ်း ဥပဒေနဲ့ ရခဲ့တဲ့ တပ်သားသစ်တွေကတော့ အပြည့်အဝ ယုံကြည်စိတ်ချလို့ မရတဲ့ လူငယ်မျိုးဆက်တွေပါ အမိန့်ပေးနေသူတွေရဲ့ နောက်စေ့ကို ချိန်ပစ်ဖို့ စိတ်ခံစားချက် ပြင်းသူ တွေများမှာကတော့ ပိုသေချာပါတယ်
တနိုင်ငံလုံးမှာ ဖက်ဆစ်တပ်က စစ်မျက်နှာ တွေ ဖွင့်ထားရတော့ ဘယ်လိုမှ ဖက်ဆစ်တပ် မနိုင် နိုင်တော့တာကတော့ သေချာနေပါပြီ
လားရှိုးကျပြီး မြောက်ပိုင်းတိုင်းတခုလုံး လက်နက်ချ အညံခံကြတာ။ မြောက်ပိုင်း သုံးဖွဲ့ရဲ့ နောက်ကွယ်က တရုတ်ပြည်ကြီးပါလို့ 1967 က တရုတ် ဗမာ အရေးအခင်းလို လူမျိုးရေး အရေး အခင်းကြီးတခု ဖန်တီးဖို့ ကြိုးစားခဲ့တာ ကို တရုတ်က သိနေလို့ ဝမ်ယိ ကိုယ်တိုင်လာပြီး သတိပေးတာ
အမေရိကန်က KNU KNDO CDF တွေကို ခုရက်ပိုင်းအတွင်း အကူအညီတွေ ပေးမယ့်ဂတိ တွေပေးလာတာ
ကြံဖွတ် အောက်ကထ ခင်ရီက ရုရှားကိုစစ်ကူတောင်းတာ ဒါတွေကို အသေ အချာ ချင့်ချိန်ပြီး ဖက်စစ်တပ်က တိုင်းပြည် နဲ့ ပြည်သူအကျိုးအတွက်ကြည့်ပြီး ကိုယ်ကျိုးစီးပွား တွေလျော့ သေရင်မပါကြတာ နှလုံးသွင်းမယ်ဆိုတိုင်းပြည် ပျက်ကိန်းက လွတ်မယ်
ဒီလိုမှ မဟုတ်ရင် ခေတ်သစ် မြှောက်ကိုရီးယား နဲ့ တောင်ကိုရီးလို မြန်မာပြည်ကြီး
တရုတ်လမ်းစဥ်နဲ့အုပ်ချုပ်ခံရတာ တခြမ်း
အမေရိကန်လမ်းစဉ် နဲ့အုပ်ချုပ်ခံရတာ တခြမ်း ရုရှား လက်အောက်ကတခြမ်း
ဖြစ်ဖို့က သေချာနေပြီ
ဖက်ဆစ်စစ်တပ်ဒီတခါ အကွက်ရွှေ့တာ မှားခဲ့ရင်
တိုင်းပြည် နှစ်ခြမ်းကွဲမလား
အစိတ်စိတ် အမွှာမွှာကွဲမလား
ဒီနှစ်ခုထဲက တခုကတော့ ဖြစ်မှာ
သေချာ နေပါပြီ
သေချာ နေပါပြီ ။။။။။
No comments:
Post a Comment