(17).........ပညာရေး ......

ပညာရေးဆိုတာ တိုင်းပြည်အတွက် ၊ ပြည်သူလူထု တရပ်လုံး အတွက် ၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွက်....... လူမှု ဆက်ဆံရေး၊ လူကျင့်ဝတ် ၊  တွေး ခေါ်မှု ၊ စဥ်းစားဆင်ချဥ်နိုင်မှု ၊ စည်းကမ်းလိုက်နာနိုင်မှု၊ စည်းကမ်းပြည့်ဝ‌စေမှုစတဲ့ ......လူ့အသိုင်း အဝိုင်းကြီး တခုလုံး အတွက် အခြေခံ သင်ကြားပေးရတဲ့ ဌာနကြီး ဖြစ်တဲ့အတွက်....... ပညာရေးစံနစ်ကြီး လွဲမှားသွားပါက တိုင်းပြည်ကြီး တခုလုံး..... ကမောက်၊ ကမ ၊ စည်းမရှိ ၊ ကမ်းမရှိ ပျက်စီးရတော့တာပေါ့လို့........ပညာရေး ဝန်ထမ်းကျောင်းဆရာ ဟောင်းကြီး တဦးက ဖောက်သည်ချတာပေါ့ .......သူက မြန်မာပြည်ရဲ့ ပညာရေးစံနစ်က... သူငယ်တန်း ကနေ ဟိုး တက္ကသိုလ်အထိ အကုန်ပြောင်းမှ ရတော့မှာလို့ ရင်ဖွင့်တယ်..... ..... ....... ......... ......... ဆရာရဲ့ပြောင်းစေချင်တဲ့ မူလတန်း ပညာရေးစံနစ်  ကို ပြောပြပါအုန်းဆိုတော့.......ဆရာက မင်းတို့တွေ လေ့လာကြည့်ပါလားတဲ့. ........ ခုသူ ငယ်  တန်းမှာ သင်နေတဲ့ မြန်မာဖတ်စာ မှာတင် လွဲနေပြီတဲ့......... သင်ရိုးက တောရွာက ကလေး တွေ     အတွက်....... တနှစ်ထဲနဲ့  ဘယ်လိုမှ သင်ရိုး မပြတ် နိုင်ဘူးတဲ့ ........ ဆရာ ၊ ဆရာမ တယောက်ထဲနဲ. က လေး အယောက် ( ၆၀ ၊ ၇၀ ) ကို ခဲတံကိုင် ဗျည်းတွေ၊ သရတွေ  သတ်ပုံတွေကို..... ကလေး တယောက်ချင်း , တယောက်ချင်း လိုက်သင်ပေးဖို့ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့ ........ မဖြစ်နိုင်တာကိုအတင်းလုပ်ခိုင်းတော့ ကလေးတွေ စာမကြေ စာမလိုက်နိုင် ဖြစ်ပြီး ကျောင်းနေမပျော်တော့ပဲ ......... ကျောင်းကိုကြောက်သွားတော့တာပေါ့တဲ့.... သူငယ်တန်းဖတ်စာကို  ၂ နှစ်၊  ၃ နှစ် ခွဲပြီး သတ်ပုံ‌တွေ   ဗျဉ်း တွေ    ကြေအောင် သင်နိုင်ပါမှ ကလေးတွေ စာလိုက်နိုင်ပြီး ကျောင်းနေပျော်မှာပေါ့ဆိုပဲ.......ခု သင်ရိုးက  မြို့ကြီး ပြကြီးနေကလေးတွေ  အတွက်တော့.... မူကြိုပို့.....မလိုက်  နိုင်ရင် ကျူ ရှင် ဆိုပြီး  ဒီမူလတန်း အရွယ်လေး အဆင့်မှာတင် ..... ကျူ ရှင်ကျောင်း သားလေး တွေ  ဘ၀ ရောက်ကြရတော့တာပါပဲကွာတဲ့.........ဒီအရွယ်လေးတွေ     စာ မလိုက်တာကို တုတ်ကိုင် ခြိမ်းခြောက်ပြီး ရိုက်သင်နေသလိုဖြစ်ရင်တော့.........ကလေးတွေ ရဲ့ဘဝနောင်ရေးက ရင်လေးစရာပါပဲတဲ့ ....... ဒီမူလတန်းကလေး တွေ           ကို စာတွေ ချဥ်း မလုပ်ခိုင်းပဲ....ကလေးဗဟိုပြုသင်ကြားနည်း စံနစ်ကို နိုင်ငံတကာမှာ လုပ်
 နေကြတာ အောင် မြင်နေကြတာပဲတဲ့ ........ ခုတော့ကွာဒီ မူလတန်း ကလေးတွေကို.... လပတ်စာမေးပွဲဆိုပြီး လစဥ် လတိုင်း စာမေးပွဲ ဖြေခိုင်းနေတယ်..... ဒီအရွယ်လေးတွေ    စာမေးပွဲဖြေနိုင်,အမှတ်ပြည့် ရတော့ကော သူတို့လေးတွေ ဘဝ ပြောင်းမှာလား ၊ ဆရာဝန်တွေ   ၊ အင်ဂျင်နီယာတွေ တန်းဖြစ်လာမှာလားတဲ့ ..... တက္ကသိုလ်တွေ  မှာလုပ်ရတာတွေ     ကို မူလတန်းအဆင့်မှာ လာလုပ်နေကြတယ် ဘယ်လို ညဏ်ကြီးရှင်တွေ လဲ မသိပါဘူးကွာတဲ့......... ဒို့ငယ်ငယ်က သုံးလပါတ်၊ ခြောက်လပါတ် စာမေးပွဲတွေ  ပဲရှိပါတယ် တဲ့. .. ဒါတောင် ခုံ တွေစီ ၊ မေးခွန်း တွေ     ထုတ် သောက်လုပ်ကို ရှုပ်လို့ ဆိုပဲ.....  ခုတော့ အတန်းပိုင် ဆရာမ တွေက သူတို့စီမှာ ကျူရှင်တွေယူခိုင်း .....မယူနိုင်တဲ့ ကလေးတွေ ကျောင်းမှာ မဲခံရ  ၊ ကျူရှင်ယူနိုင်တဲ့ ကလေးတွေက စာမေးပွဲ မေးခွန်းကြိုရ ,,,,မယူနိုင်တဲ့ ကလေးတွေ က စိတ်ဒဏ်ရာ ရကြ ရအောင် စံနစ်ကိုက ဖျက်ဆီးနေတာဆိုပဲ ....... ........................................................................................မူလတန်းအဆင့်က ကျော်လွန်လာလို့ အလယ်တန်း အဆင့်မှာ.....မှတ်ယူလာနိုင် ၊ လေ့လာ လာနိုင် ၊ စဥ်းစား တွေးခေါ်လာနိုင်ပြီဆိုရင်တော့..... စည်ကမ်းရှိတတ်လာအောင် အမှိုက်ပြစ်တာ ၊ တံတွေး ထွေးတာ ၊ လမ်းကူးရင် မျဥ်းကျားက ကူးရတာ ၊ ဘတ်ကားစီး ၊ ရထားစီးရင် မှတ်တိုင်မှာ ရှေ့လူနောက်ကနေ တန်းစီရမှာ ၊ ကားမောင်းလို့မီးပွိုင့်မိရင် တခြားယာဥ်ကြောကနေ
မကျော်ရတာ ၊ စည်း ကမ်း  ဖောက်ရင် ဒဏ်‌ ကြေး  ဆောင်ရမှာ ၊  အပြစ်ပေးခံရမှာတွေ၊ နောက် ခိုး ဆိုးလု လုပ်ရင် ထောင်ကျနိုင်တာ ,, ထောင်ဆိုတာ ကြီးနိုင် ငယ်ညှင်း တိရိတ္ဆန်အဆင့်သာ သာ ဆိုတဲ့  မကောင်းတာ မလုပ်ရဲရအောင် ပညာပေးတဲ့ Polite education  စတဲ့ လူ့ကျင့်၀တ်တွေ ၊ လူ့ပတ်  ၀န်းကျင်မှာတကယ်အသုံး ဝင်မယ့် ပညာပေးတာ  တွေကို  အလယ် တန်းကျောင်းသားတွေ  အဆင့် ကတည်းက သင်ပေးထားရမယ်ဆိုပဲ .......... .............  ............ .................. ...................... ........ အလယ်တန်း အောင်ပြီးတဲ့အဆင့်ရောက်ရင်...... ဘာဝါသနာ ပါလဲ ဆုံး ဖြတ်ခိုင်ပြီး ...... ကားမောင်းဝါသနာပါရင် ကား ဒရိုင်ဘာ ၊ ပန်းရံဝါသနာပါရင် ....ပန်ရံ ၊ လက်သမား ဝါသနာ ပါရင်..... လက်သမား၊ သွင်ခုံ ဝါသနာပါရင်.....  သွင်ခုံ ၊ ၀ရိန်ဝါသနာပါရင််..... ဝရိန်  , စစ်တိုက်တာ ဝါသနာပါရင် ....စစ်သားစတဲ့ .... အသက်မွေး၀မ်းကြောင်းပညာ တွေကို .......စာပေဝါသနာ မပါသူ တွေ၊ စာဆက် မဖတ်ချင်တဲ့သူ တွေကို သူတို. ဝါသနာ အလျောက် စိတ်ဝင်စားတာကို သွားသင် ခိုင်းရမယ်တဲ့ ........တိုင်းပြည်ကလိုအပ်နေတဲ့ နေရာတွေအလိုက်ကျွမ်းကျင်လုပ်သားတွေဖြစ်အောင် ..... အလယ်တန်းအောင် အဆင့်ကတည်းက သင် ထားပေးရမယ်တဲ့ ...... နိုင်ငံတော်မှာ ဆရာ၀န်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်တွေ ၊ ကွန်ပျူတာ ပညာရှင်တွေချည်းဘဲ..... လိုအပ်နေတာ မဟုတ်ဘူးတဲ့ .......လူတိုင်း လူတိုင်းကိုယ်ဝါသနာ ပါရာ ၊ ကိုယ့်တတ်တဲ့ပညာ နဲ့ကိုယ့်အလုပ် ကိုယ်လုပ် ကြရမှာ ဆိုပဲ ... ... ကိုယ့်အလုပ် ကိုယ် တာ၀န်ယူပီး.......ကိုယ့် အလုပ် ကို ဂုဏ် ရှိတယ် ဆိုပီး ....... ဂုဏ် ယူတတ်အောင်၊ လစာ ၀င်ငွေ

နဲ. ရပ်တည်လို့ရအောင် အစိုးရက မြေတောင် မြှောက်ပေးရမယ်ဆိုဘဲ .... ...ခုတော့ ဒီက လူငယ်တွေက ဘယ်လိုဖြစ်နေလဲ ဆိုတော့... ..ဘာမဆို သိတယ် ၊ တတ်တယ် ၊ လုပ်နိုင်တယ် ဆိုပဲ ...... ဒါပေမယ့် ဘာ တစ်ခုမှ ကျွမ်းကျွမ်း ကျင်ကျင် ၊ ဝါသနာ ပါပါ  ၊ တကယ် ဖြစ်ဖြစ် မြောက်မြောက် တခုမှ မလုပ်တတ်ကြဘူးဆိုပဲ...... နောက် အလုပ်တခုကို ဘယ်တော့မှ စွဲစွဲ မြဲမြဲ မလုပ်ချင်ကြဘူးတဲ့........ဟိုဟာ ဝါသနာပါ သလိုလို ၊ ဒီဟာ ဝါသနာပါ သလိုလို နဲ့ ဘယ်ဟာမှ ဇွဲမရှိကြ ဘူးတဲ့........အလုပ်တစ်ခုကို လချီ ၊ နှစ်ချီလုပ်လာရရင် ဘယ်ကိုပြေးရမလဲပဲ  ချောင်းနေတတ် ကြတယ်တဲ့........ဒါတွေက ငယ်ငယ်က ကိုယ် ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ခွင့် မရ.... ခဲ့ကြလို. ဆိုပြီးဆရာကြီးက   ထောက်ပြတယ်............ .......... ............. ................. ................................ ................. ...အဲ ဆယ်တန်းရောက်ရင်တော့ အောင်ချက်ရာခိုင်နှုန်းတွေ
 လျော့ချပြီး အောင်တဲ့သူနည်းတော့ မှ......ဟိုး အရင်  ဖ ဆ ပ လ  ခေတ်ကလို ..... မေဂျာတခုကို လက်ချိုးရေလို့ရတဲ့ ..... အရေအတွက်လောက်ဘဲ တက္ကသိုလ်တွေမှာ ပေးတက်စေမှ ကျောင်းသား  ဦးရေနည်းလာပြီး ...... အဆောင်နေကျောင်းသား  ဆိုတဲ့ .....တက္ကသိုလ်ကျောင်းတော်ကြီးသား ဘ၀တွေအသက်ပြန်ဝင် လာမယ်......ဘွဲ့ရပြီးပါက လစာကောင်းကောင်း ရပြီး...........ရတဲ့လစာ၀င်ငွေနဲ. လူတန်းစေ့နေနိုင် ၊ ပညာတတ်ဆိုပြီး မြန်မာပြည်ကဘွဲ့ရတွေလက်မထောင်နိုင် အလုပ်အကိုင်ကောင်း ကောင်းတွေမှာ လုပ် ကိုင် နိုင်မယ်တဲ့..........ခုတော့ ဒီနိုင်ငံမှာက ဘွဲ့ရတွေဖောင်းပွနေပြီး ..... ကျောင်း တာပြီးသွားတယ်  ကျောင်းက သင်ပေးလိုက်တာတွေနဲ့.... အပြင်လောကမှာဘာ တစ်ခုမှ အသုံး ချလို. မရ .... လုပ်ကိုင်စားလို့ မရဘူးတဲ့ ......... ဒီတော့ဘွဲ့ရ ဆိုက်ကားနင်းတွေ ၊ ဘွဲ့ရ မြင်း လှည်းမောင်းတွေ၊ ဘွဲ့ရ ဆိုင်ကယ် ကယ်လီတွေ၊  Taxi မောင်းသမားတွေ လိုက်လုပ်နေရတယ်တဲ့......မိဘတွေက အစောကြီး ကတည်းက ......ဘွဲ့ရလည်း ဒီအလုပ်တွေဘဲ လုပ်ရမယ်ဆို ကိုယ့်ကလေးတွေကို တက္ကသိုလ်ကျောင်းပြီး ဘွဲ့ရအောင်သင်ပေးပါ့မလား.......ဒီအလုပ်တွေလုပ်ရမယ် ဆိုရင်....  စာတွေဖတ်နေလဲ ........အချိန်တွေ၊ ငွေတွေကုန်ပါတယ်တဲ့............ဘွဲ့ရပြီး ရတဲ့ဘွဲ့နဲ့ တန်တဲ့အလုပ်တွေဖန်တီးပေးရမှာပေါ့တဲ့.......ဘွဲ့ယူပြီးဒီအလုပ်တွေကိုဒီတိုင်းပြည်မှာ.... မလုပ် ချင်သူတွေက .....တခြားတိုင်းပြည်တွေကို သွားပြီး...... မျက်နှာငယ်ငယ်နဲ့ ကျွန်အဆင့်အလုပ်တွေ သွားလုပ်နေကြရတော့တယ်ဆိုဘဲ..........ဘွဲ့ယူ ပြီးရထားတဲ့ ဘာသာရပ်အလိုက်လုပ်ငန်းခွင်ဝင်ပြီး..... ရတဲ့လစာ နဲ့လူနေမှုဘ၀ ရပ်တည်နိုင်အောင် .... တိုင်းပြည်တာ၀န်ယူထားတွေလုပ်ဆောင်ပေးရမယ်ဆိုဘဲ... ........ဆရာပြောသလိုသာဆို   PAW  PAW   တို့တွေ နောင် မျိုးဆက်  ဘယ်နှစ်ဆက် ထိအောင် ဘွဲ့ရ အလုပ်လက်မဲ့ဘ၀ တွေအဆင့်နဲ့ ဆက်ပြီး ဗိုက်ပြသာနာ
တွေ တက်‌
နေအုန်းမလဲ မသိပါဘူးနော်................

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...