( 71 ) ..... တနိုင်ငံ လုံးကို ,,,, စစ်မျက်နှာ ဖွင့်မိနေတဲ့ မအလ သတ်မတော် ,,,,,,,,

 ကျု ပ်တို့ ငယ်ငယ် ဆယ်ကျော်သက် သိတတ်စ အရွယ် ၁၉၈၂ - ၁၉၈၇ လောက်ကပေါ့  ,,, မြို့တိုင်း ရွာတိုင်း  ရပ်ကွက်တိုင်းက ချောပေ့ လှပေ့ ဆိုတဲ့ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အလှပကေးအပျိုတော်တေွ မက်မက်မောမော အိမ်မက် မက်ခဲ့  ,,,, ဖြစ်ချင်ခဲ့ ကြတာ စစ်ဗိုလ်ကတော် ,,,, မြင်နေ ကြားနေ ကြရတာ အလွန်သောက်မြင်ကပ်စရာကောင်းတာပေါ့ ,,,, ရွာနားက မြက်ရွာနွား မစားကြတေ့ာ အခံပြင်းဆုံးပေါ့ ,,,,,, အဲဒီ တုန်းက ရပ်ထဲ ရွာထဲ ကလူပျိုတွေ မနာလို ဝန်သိုဖြစ် ကြရတာပေါ့ ,,,,  ကိုယ်လည်း တနေ့ စစ်ယူနီဖောင်း ဝတ်ဗိုလ်ကြီး ဖြစ်အောင် လုပ်မယ် ဆိုပြီး ,,,,, အားကျ ခဲ့ရတာပေါ့ ,,,,, ခုချိန်မှာတော့ ခေါင်းဆောင်တစ်ယောက် အရူးထတဲ့ အမှု့ကြောင့် ဟိုးအရင် ပျိုတိုင်းကြိုက်တဲ့ နှင််းဆီခိုင်ကြီးက အဆူးတေွ ဆူးပြီး ,,,,, နှင်းဆီပန်းရနံက သေွးငြီ နံတေွ ဖြစ်လို့ အလွန်ရွံ့ စရာ ကောင်းတဲ့ အဖြစ်ကို ရောက်ခဲ့ ရတာနဲ့ ပါတ်သက်လို့  PAW PAW တို့ ပွားကြပြန်တာပေါ့ ,,,,, ,,,,,, ,,,,,,,, ,,,,,,,

ဘာမဆို လုပ်ရဲတယ် ဆိုပြီး ရှေ့ နောက် မစဥ်းစားတတ်ဘဲ ဖြစ်ခြင်ရာ တခုအတွက်  FEB 1 နေ့မှာ အာဏာလုခဲ့တဲ့ ဗိုလ်ချုပ်ရူးကြီး ဟာ ယခင် အာဏာရှင် နေဝင်း , စောမောင် , သန်းရွှေ တို့ ကာလအခြေအနေနဲ့ ယခု သူလက်ရှိ အာဏာလု အခြေအနေက လုံးဝမတူဘူးကွ ,,, ခုလိုအနေအထားမျိုးကို အာဏာသိမ်းရဲတာ ,,,, သူ့အနေနဲ့ ဘယ်လိုမှ စဥ်းစားလို့ မရဘူး ဆိုပြီး နိုင်ငံရေးလေ့လာနေတဲ့ ဘိုးအေကြီးက ပြောပြတယ် ,,,,, ဘာဖြစ်လို့လဲ မေးမိတော့ ,,,, သူက မိအောင်လိှုင် အာဏာသိမ်းလိုက်တာက ကမ္ဘာမှာ ဘယ်နိုင်ငံမျုိးကမှ မထိရဲ မတို့ရဲ မလုပ်ရဲတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လက်ထဲကကွ ,,,, တကမ္ဘာလုံးက နံမည်ကြားရုံနဲ့ ကလေးတောင်သိနေတဲ့သူ ,,,,, ဒီလိုလူမျိုးစီကနေ စဥ်းစားတတ်တဲ့ ရှေ့နောက်တွေးမြင်တတ်တဲ့ ဘယ်ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ခေါင်းဆောင်မဆို အာဏာမလုရဲ အာဏာမသိမ်းရဲလောက်ဘူးကွလို့ သုံးသပ်ပြတယ် ,,,, မအလ ဗိုလ်ချုပ်ရူးကြီးက လုပ်ရဲတယ် ဆိုကတည်းက ပုံမှန် စဥ်းစားတတ်တဲ့သူ ရှေ့ရေး ကြိုတွေး တတ်တဲ့သူ မဟုတ်တာ တော့ သေချာတယ် ,,,, တော်ရုံ တန်ရုံ ရူးတာ မဟုတ်တာလည်း သေချာတယ် ဆိုဘဲ ,,,,,,, မိအောင်လှိုင် ဒီလို လုပ်ရဲတာ သူ့ကို တပ် အမွေပေးခဲ့တဲ့ စာဖတ်နေသူကြီးက သဘောတူလို့ လုပ်တာလား ,,,,,, ခိုင်းလို့လုပ်တာလား ,,,,, ဒါမှမဟုတ် စာဖတ်နေသူကြီးလည်း အသက်ကြီးသွားလို့ ကိုယ်မွေးထားတဲ့ မျောက်က ကိုယ့်ကိုပြန် ခြောက်တာ ခံနေရပြီလား ဆိုတာ စဥ်းစားစရာတွေပေါ့ကွာတဲ့ ,,,,,,  နောက်တခုက ခွေးဘီလူး ဘရွှေဆို ၂၀၀၈ ဥ ကြီးကို ပညာတတ် တရားသူကြီးချုပ်တွေ ရှေ့နေချုပ်တွေကို ဆရာတင် ညစ်ပတ်ခိုင်းခဲ့တာတဲ့ ,,,, ခုဂျပု ဆရာတင်တဲ့ စိတ်ပညာ ဆိုတာကြီးက သစ်ရွက်ကြွေရင်တောင် ထိုင်ပြီး ဒဿနတွေ ဖွင့်မယ်ကောင်မျိုးနဲ့ နောက်တယောက် တိုတိုလှိုင် ဆို  အရင်နဲ့ မတူတော့တဲ့ လေဖြန်း ပါးရွှဲ့  ကျပ်မပြည့်တော့ဘူးဆိုတာထည့်မစဥ်းခဲ့လို့ ဒီလိုတွေ ဖြစ်လာခဲ့ရတော့တာဘဲလို့ ထင်တာပါဘဲကွာတဲ့ ,,,,,,,,, ,,,,,,,,, ,,,,,,,,,

သူတို့ အာဏာသိမ်းရတဲ့ အကြောင်းအရင်း ကလည်း မဲလိမ်လို့ သိမ်းရပါတယ် ဆိုဘဲ ,,,,,, အဲဒါမှ ပိုပြီး ပြည်သူလူထုက ပွဲဆူချင်ကြတော့တာပါဘဲဆိုတာ  ၁၈ နှစ်ပြည့်ခါစ ပထမဆုံး မဲပေးခွင့် ရ လူငယ်တ ယောက်က ဘာပြောလဲ ဆိုတော့ ကျတော်တို့ ဘော်ဒါတွေ ဘယ်သူ့မေးမေး ကျနော့ မိသားစု အသိုင်းအဝိုင်း နီးစပ်ရာ ဘယ်သူ့မေးမေး  NLD ချည်း မဲပေးခဲ့ကြတာ ,,,, တနိုင်ငံလုံးလဲ အမေစု မှ အမေစု ချည်းပါ ,,,,, ဒါကိုမဲလိမ်တယ် ဆိုရအောင် ကိုယ်တိုင် ဘယ်ပါတီမဲပေးတယ်ဆိုတာ ကာယကံရှင်တွေ အကုန်သိပြီးသားပါတဲ့ ,,,, မဲစာရင်းထုတ်ပြန်တဲ့ UEC ကလည်း အမှန် လုပ်ကြတာဘဲ ,,,, မဲရုံ တာဝန်ကျ ကျောင်းဆရာ/ ဆရာမ တွေကလည်း အမှန်တရားဘက်က လုပ်ခဲ့ကြတာကို သူတို့ အာဏာလုကာမှ ကြံရာပါဆိုပြီး စွပ်စွဲခံရတော့တာပါဘဲတဲ့ ,,,, နောက် မဲပေးတဲ့ နေ့မှာ မိအောင်လှိုင် က စပ်ဖြဲ စပ်ဖြဲ နဲ့  အများပြည်သူတွေမဲပေး ဆုံးဖြတ်လို့ ထွက်ပေါ်လာမယ့် ရလဒ်ကို လက်ခံမှာပါ ဆိုပြီး TV ကနေတောင် ဂတိပေးခဲ့ပြီး  UEC က NLD ပါတီ အနိုင်ရတယ်ဆိုတာ မဲတွေ ရေတွက် ဆုံးဖြတ်ပြီးမှ  မလုပ်ရဲတာ မရှိဘူး ဆို ပြီး အရူးထ မဟုတ်တာထ လုပ်တော့တာပါတဲ့ ,,,,,, ,,,,,,, ,,,,,,,,,,

တနုိင်ငံလုံး အုံးအုံးကျက်ကျက် မဲနိုင်တာကို အသိအမှတ်မပြုတော့ မြို့တိုင်း နယ်တိုင်း ရွာတိုင်း ဆန္ဒဖော်ထုတ်ကြတာကို စစ်ခွေး ရဲခွေး တွေ မတရား ဖိနှိပ် လက်လွန် ဖြိုခွဲခဲ့တော့ မြို့တိုင်း နယ်တိုင်း ရွာတိုင်းက ပြည်သူတွေနဲ့ ရဲခွေး စစ်ခွေး တွေ ဘယ်လိုမှ အစီးမကပ် ဖြစ်ပြီး ,,,,, တနိုင်ငံလုံး ကို စစ်မျက်နှာ ဖွင့် လို့ ဖွင့်မှန်း မသိ ,,,,, ပြည်သူကို လက်နက်အားကိုး အနိုင်ကျင့်မှုကြောင့် တနိုင်ငံလုံးက ပြည်သူက အမှန်တရားအတွက် ပြည်သူ့လက်နက်ကိုင် ဖက်ဆစ်စစ်ဝါဒီ တော်လှန်ရေး တပ်သားတွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါပြီ ,,,,, တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့တင် စစ်မျက်နှာ ဖွင့်နေရရုံ မက ,,,,တတိုင်းပြည်လုံးက ပြည်သူတွေကိုပါ စစ်မျက်နှာ ဖွင့်မိနေတဲ့ မိအောင်လှိုင် ဖက်ဆစ်ဝါဒီတပ်  ဘယ်လို ဘယ်လို ခွေးပြေး ဝက်ပြေး ပြေးရမယ် ဆိုတာ ကတော့ နိုင်ငံတကာ က  R2P  နဲ့ဆို ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်  ပိုပြီးပွဲကောင်း လာပြီး ဘယ်လို အမြန် အဆုံးသတ်မယ်ဆိုတာ ပိတ်ကားပေါ်မှာ ပေါ်လာတော့မှာ မလွဲတော့ပါဘူး ,,,,, ,,,,,,,, ,,,,,,,, ,,,,,,,,


(86) ဒုတိယ ဗိုလ်ချုပ်ရူးကြီး

 ဗိုလ်ချုပ်ရူးကြီးက တွဲဘောထည့်ထားတဲ့ ဒု အရူးကြီးကတော့အ ခြေအနေမကောင်းပါဘူး  မြဝတီကို အသိမ်းမခံရဖို့ မော်လမြိုင်မှာ အထိုင်ချ ကွပ်ကဲမယ်လုပ်တာ ပ...