(94)အောက်ခြေ စစ်သားက သိနေပေါ့

 စစ်တပ်ကအာဏာ စယူကတည်းက

စစ်တပ်က အာဏာထိန်းတယ် ပြောပြော 

အာဏာသိမ်းတယ်  ပြောပြော 

တိုင်းစစ်ဌာန ချုပ်အသီးသီးမှာ ရှိနေကြတဲ့ တပ်မိသားစု အတိုင်းအဝိုင်းက စောက်ပု ဒီလောက်ပိုင်ဆိုင်မှု တွေများနေတာတောင်ဘာ တွေလောဘ တက်နေလဲ မသိဘူးဆိုပြီး ပြောနေကြတာ ကြားခဲ့ရပါတယ် 

သူအာဏာရူး နေလို့ ပြည်သူအများစု ကန့်ကွက် နေကြတာကို တိုင်းစစ်ဌာနချုပ်တွေက တပ်မိသားစု အတိုင်း အဝိုင်းတွေ အကုန် သိနေကြပါတယ် ဘာဖြစ်လို့လဲဆိုတော့သူအာဏာထိန်းလိုက် ကတည်းက ည 8 နာရီထိုးပြီဆို သံပုံးတီး သပိတ်က တိုင်းမြို့ကြီး တွေအကုန် လနဲ့ချီ လုပ်ပြီးဆန္ဒပြ နေကြတာကို တပ်တွင်းမိသားစုတွေက သိ‌နေခဲ့ကြပြီး သွေးပျက် နေခဲ့ကြရတာပါ အဲဒီကတည်းက  သူတို့အတွက် တကယ့် နမိတ်ဆိုးဘဲ ဆိုတာ သိနေကြပြီး  မိအောင်လှိုင်ကို  မေတ္တာပို့နေခဲ့  ကြတာပါ

နောက်ပိုင်း silence strike တွေမှာ ပြည်သူက ဘယ်လောက်ညီလဲ ပါဝင်ကြလဲ ဆိုတာပြတာကို ခုလို social media ခေတ်မှာ  အောက်ခြေ တပ်က မိသားစုတွေကို ဘယ်လိုဘဲ မျက်စိ ပိတ်ပိတ် သူတို့ သိနေကြတာကို အထက်က အရာရှိဆိုသူ တဖက်ပိတ်တွေ မသိကြပါဘူး ။ ။ ။

တကယ်ဆို အောက်ခြေ တပ်မိသားစုက အထက်က တဖက်ပိတ်တွေထက်  အပြင်မှာဖြစ်ပျက် နေတာတွေကို ပိုသိနေကြလို့  အထက်ကပေးတဲ့ အမိန့်ကို မနာခံကြ တော့ဘဲ အလံဖြူထောင် လက်နက် တွေချနေ  ကြတာပါ

 ဒါကို ဘူမသိ ကိုးမသိ တဖက်ပိတ် ခိုင်းဖတ် အရာရှိတွေ သူတို့မှာနောက်လိုက် တွေ  မရှိကြတော့ဘဲ သူတို့အရာရှိတွေဘဲ အသေခံတိုက်ရမယ်ဆို တာကို သိသိနဲ့ အတင်းတိုးဖို့ ဆက်မိုက် နေကြပါ

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...