မောင်စူးစမ်း ရဲ့ စာအုပ်ကလေးဖတ်မိတော့ ......စီပွားရေးဗဟုသုတ တွေ အတော်ရသား......စီးပွားရေး တွေ ၊ ကြီးပွားရေး တွေ က ကိုယ်မ သိတာအတော်များသားနော်.......ဒါကြောင့် သိသူတွေ ဖော်စားသွားကြတာနေမှာ..........ခုမှ PAW PAW စာအုပ် ဖတ် ပြီး အတွေး တွေ ချဲ့နေရတော့တယ် .......... .......... ..............မောင်စူးစမ်းက ဆရာမကြီးဒေါ်လှမြင့် နဲ. INTERVIEW သဘောရေးပြသွားတာက ဒီလို .......... မြန်မာပြည်ဟာ လူဦးရေအများဆုံး တိုင်းပြည်ကြီး နှစ်ခုကြားရောက်နေပြီး စီးပွားရေးဘာ့ကြောင့် ချွတ်ခြုကြ နေရတာလဲ ဆိုတာနဲ့ပတ်သက်ပြီး VIEW ကြတာပေါ့........ဒီလောက်ကြီးတဲ့စျေးကွက်ကြီးကို ဒို့ မြန်မာပြည်က ဘာလို. အသုံး မချတတ် ရတာလဲ ဆိုတာ အားမလို အားမရ ဖြစ်ကြရပြီး ....... ကိုယ်တွေ က တောင် သူတို.စီက ထုတ်ကုန် တွေ ကို ဘာလို. အမှီပြု အားကိုးနေရသလဲ ဆိုတာကို ဆရာမကြီးက....... ခုလယ်ယာထွက်ကုန် ပဲမျိုးစုံ, ဝါ , နှမ်း တွေ ကုန်ကြမ်း အဆင့်နဲ့ဘဲ ပို.နိုင်ကြသေးတယ်တဲ့ ...........တန်ဘိုးမြင့် ကုန်ချောအနေ နဲ့ ပို့နိုင်ဖို့ နည်းပညာ နဲ. အရင်းအနှီးတွေ လိုအပ်တယ်တဲ့.......အရင်းအနှီးမှာ စည်းပြင်ကအတိုး ကြီးကြီး ပေးလုပ်နေရတော့ သူများနိုင်ငံ နဲ. ဘယ်လိုမှ မယှဥ်နိုင်တော့ဘူးတဲ့.........နည်းပညာတွေ ကလည်းပိတ်ပင်ခံထားနေရတော့ အရင်ကဆို ဘယ်လိုမှ မရနိုင်ဘူးဆိုပဲ.........နောက်တခုထောက်ပြတာက ဒီနိုင်ငံတွေ နဲ့ မြန်မာပြည်က သာတာ လက်မှုလုပ်ငန်း နဲ့ တိုးရစ် လုပ်ငန်း (မီးခိုး မထွက် စီးပွားရေး) ပဲတဲ့.........ဒီစီးပွားရေး နှစ်ခုနဲ့ ပါတ် သက်ပြီး ဘော်ဒါတွေ နဲ့ ပြောဖြစ်ကြတာကတော့........ လက်မှုပညာ လုပ်ငန်းကတော့ ခုနောက်ပိုင်း အိမ်တွင်းမှုလုပ်ငန်းတွေ လွတ်လွတ် လပ်လပ် လုပ်ကိုင်လာရတော့ အကောင်းဖက်ကို ရောက်လာပေမယ့် ........တချို့ နိုင်ငံတွေ က စက်တွေ သုံး ပြီး နည်းပညာတွေ နဲ့ ပေါင်းစပ်လုပ်ကိုင် နေကြတာကိုတော့ မျက်ခြေမပျက်ဖို့ လိုတယ် ဆိုပဲ .........တိုးရစ်လုပ်ငန်းကတော့ စာစောင်တွေ သ တင်းစာတွေ မှာ တိုးရစ်တွေ တော့လာကြပါတယ်. ......... တိုးဂိုက်တွေ က မလောက်ဘူး အော်နေကြပေမယ့်... ..... တိုးဂိုက် လိုင်စင်သွား လျှောက် တဲ့ စင်္ကာပူပြန် ဘော်ဒါကြီးကဘာပြောလဲ ဆိုတော့ လိုင်စင်လျှောက်ဖို့ တင်ကြတာကထောင်ဂဏန်း ....ခေါ်တော့ တရာကျော်..........ဂိုက်တွေ မလောက်ဘူးသတင်းစာတွေ စာစောင်တွေ ထဲ ကနေဘယ်လောက် အော်နေနေ....... မြန်မာပြည်ကြီးက ဘာမှဖြစ်လာမှာ မဟုတ်ဘူးတဲ့.........ဌာနဆိုင်ရာတွေ က ဘာလုပ်လုပ် ပါးစပ်ပေါက်တွေ ပဲ ဟ ထားတယ် ထင်တယ်တဲ့.........အင်းပေါ့လေ သူပေါက်ကွဲ မယ်ဆိုလဲ ပေါက်ကွဲ လောက်ပါတယ်.........လျှောက်တဲ့ထဲမှာ ဘွဲ့ရ နိုင်ငံခြားပြန် ဘာသာစကား အတွေ့ အကြုံ ရှိသူတွေ ဖြစ်တဲ့ စင်ကာပူပြန် , သြော်စီပြန် ,ဂျပန်ပြန် ,မလေးပြန် ,တွေ သွားလျှောက်လည်း သင်တန်းက လက်မခံဘူးဆိုပဲ......နိုင်ငံခြားကပြန်လာကြပြီးဆိုင်ရာ နိုင်ငံရဲ့ ဘာသာစကားနဲ့ အကျွမ်းဝင်နေသူတွေ လျှောက်တာမပေးတဲ့အပြင်.......နိုင်ငံခြားဘာသာစကား ကျောင်း.....U F L ကနေ ပညာသင်ပေးပြီး ဘွဲ့ရခဲ့တဲ့ MAJOR အလိုက် ဘာသာစကား ကျွမ်းတဲ့ ကလေးတွေ တောင် ဝင်ခွင့်မအောင် တိုးဂိုက်လိုင်စင် မရဘူးတဲ့........ကိုယ့်နိုင်ကမွေးထုတ်ပေးတဲ့ ပညာတတ်ကိုတောင် ဝန်ကြီး ဌာန တွေ က အသိအမှတ် မပြုတာလားတဲ့......... ဘာတွေ ထပ်ပြီးရစ်ချင်နေတာလဲ.......ဘာ အထောက်အထားတွေ ထပ်လိုချင်နေသေး တာလဲ မသိပါဘူးတဲ့ .....FOREIGN LANGUAGE က ဘွဲ့ရထားပါတယ် ဆိုမှ ..... ဘာပဲဖြစ်ဖြစ်သူတို.တွေ က ဆိုင်ရာဘာသာ စကား နဲ. ရင်းနှီးပြီးသားသူတွေ ပါတဲ့........နည်းနည်းလေးလောက် ဘယ်စေတီကဘာ သမိုင်းကြောင်းရှိတယ် ........ဘယ်မင်းကတော့ ဘယ်ချိန်အထိအုပ်ချုပ်တယ်.... တိုးတွေ ကိုဘယ်လို တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ်......စတဲ့ ဂိုက် လိုင်းလေးပေးလိုက်ရင် လိုအပ် နေတဲ့ တိုးဂိုက်တွေ ကို အချိန်တိုအတွင်း ဖြည့်စည်းလို့ရလောက်တယ် ဆိုပဲ ......... သူနားလည်တာကတော့လိုင်စင်ဆိုတာ အစိုးရ က အခွန်ရချင်လို့ , စည်း ကမ်းတကျ ထိမ်းသိမ်းဖို. က အဓိက ပါတဲ့..... ယာဥ်မောင်းလိုင် စင်၊ စည်ပင် လိုင်စင် ,လုပ်ငန်းလိုင်စင် ဘာလိုင်စင်ဖြစ်ဖြစ် ခုနောက်ပိုင်း On line ကတောင် လုပ်လို့ရနေပါပြီတဲ့........ဒီ လိုင်စင်ကျမှ ဘာတွေ ရစ်နေ ၊ ဘာတွေ ထွင်နေလဲ မသိပါဘူး.. ဆိုဘဲ........နောက်ပြီး အစိုးရက လစာ ပေးရတာလည်းမဟုတ်.......ပင် စင်ဆိုတာကြီးကလည်းမရှိ........ အပြင်မှာကလည်း တကယ်လိုအပ် နေ..... ....လိုင် စင်ဆိုတာကြီးကလည်း ကန့်သတ်ထားတုန်း...... ကြိုးတွ ကလည်း ဆက်နီလို့ ကောင်းနေတုန်း .......အလုပ်အကိုင် အသစ်တွေ ကိုတော့ TV , သတင်းစာ တွေ ထဲမှာတော့ ဖန်တီးပေးလို့ ကောင်းနေတုန်း ......ဘွဲ့ရ ယောင် ခြောက်ဆယ် တွေ ကလည်း မိဘစီက လက်ဖြန့် တောင်းလို့ကောင်းနေတုန်း.......နိုင်ငံ.ခြားပြန်တွေ ကလည်း ပါလာတာ ထိုင်စားလို့ကုန်လို့ တကြော့ပြန် ကျွန်ခံဖို့ ကျိုးစားနေကြတုန်း ....... ဒါပေမယ့် လက်ရှိ မြန်ပြည်က တာဝန်ရှိသူတွေ ကတော့ ,,,,,,, ဆက်လို့,,,,,,, ဆက်လို့ ,,,,,,, မိုက်လို့ ကောင်းနေကြတုန်း,,,,,,,,စောက်ချိုးမပြင် ဝါးလုံး ခေါင်းထဲ လသာလို့ ကောင်းနေတုန်း၊၊၊၊၊၊၊၊
(14)......အလုပ် အကိုင် .....
Subscribe to:
Post Comments (Atom)
(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ
မမှားသော ရှေ့နေ မသေသော ဆေးသမား ဆိုပြီး မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...
-
အစား အစာနဲ့ ကျန်းမာရေး...ဘယ်လောက်ဆက်စပ်နေ သလဲဆိုတော့ မြန်မာပြည်ကြီးမှာ လူ တွ အသက် အရွယ် ငယ်ငယ်လေးတွေ နဲ့ နေ့မြင် ညပျောက် အသံတွေ ပိုပ...
-
စာစောင်အဟောင်းလေး ပျင်းပျင်းနဲ. ဖတ်မိတာက..... 12 july 2012 ရက်နေ့ထုတ် venus news စာစောင်ရဲ့ ကလောင်ရှင်.... ခင်နှင်းကြည်သာရဲ့ ဆောင်းပါး တ...
-
မောင်စူးစမ်း ရဲ့ စာအုပ်ကလေးဖတ်မိတော့ ......စီပွားရေးဗဟုသုတ တွေ အတော်ရသား......စီးပွားရေး တွေ ၊ ကြီးပွားရေး တွေ က ကိုယ်မ သိတာအတော်...
-
ပညာရေးဆိုတာ တိုင်းပြည်အတွက် ၊ ပြည်သူလူထု တရပ်လုံး အတွက် ၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွက်....... လူမှု ဆက်ဆံရေး၊ လူကျင့်ဝတ် ၊ တွေး ခေါ်မှ...
-
ကျောင်းဆရာ လူထွက်...ဘုန်းကြီး လူထွက်......စစ်ဗိုလ် လူ ထွက်.....ဒီဆရာကြီး သံုးလူထွက်.....လူ့ပတ်၀န်းကျင်နဲ့ အစီးမကပ် အစဥ်မပြေဘူး.....ဆိုတာ ...
-
မြန်မာပြည်ကြီးရဲ့ နိုင်ငံရေးကတော့...အရှေ့တောင်အာရှမှာတင်မက ..... နိုင်ငံတကာကပါ စောင့်ကြည့်ခံနေရပြီး...ဟာသလုပ်ခံရတာကတော့....ဘောလံုးနည်းပြ ဂု...
-
STABLE FOOD တေွစျေးတက်တော့ ......အခြေခံ လူတန်းစားတေွ နလံမထူနိုင်ဖြစ်ကြရတာပေါ့ .....လူတေွနေ.စဥ်စား သံုးနေတဲ့ ဆန် ၊ ဆီ ၊ ဆား နဲ. သား ၊ ငါ...
-
မြန်မာပြည်ကြီး..အင်္ဂလိပ်လက်အောက် ရာစုနှစ် တစ်ခုလောက်ကျွန်ပြု ခံရပြီး...ဗိုလ်ချုပ်အောင်ဆန်း တို့လက်ထက် သခင်ကိုယ် တော်မှိုင်းဦးဆောင်ပြီး လွ...
-
june 29 , 2012 နေ့ မြန်မာကျပ်ငေွ နဲ့ အမေရိကန် ဒေါ်လာကို အခြေခံ နိုင်းယှဥ်တဲ့ တန်ဘိုးတေွ ကတော့.... စီးပွားရေးသမားတေွ ၊ ခရိုနီတေွ ၊ EXPORT သ...
-
သတ္တဝါတွေထဲမှာ လူဆိုတာ.......အတွေး အခေါ်အမြင့်ဆုံး စဥ်းစားညဏ် အရှိဆုံး .တီထွင်နိုင်စွမ်းအလုပ်နိုင်ဆုံး ဖန်တီးနိုင်စွမ်းအကောင်း ဆုံးပေါ့...
No comments:
Post a Comment