(96) စစ်ပွဲ နဲ့ အမျိုးသမီး

 ဒီတိုင်းပြည်မှာ တိုင်းရင်းသား လူမျိုးစု တွေ တန်းတူအခွင့်အရေး မရကြလို့ ဆိုပြီးလက်နက်ကိုင် တိုက်ယူဖို့ကျိုးစားနေကြတယ်

စစ်တပ်က အာဏာသိမ်းတာမ ကျေနပ်လို့ဆိုပြီး တနိုင်ငံလုံးက လူငယ်တွေ  PDF အ‌နေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင် နေကြတယ်

 ဖက်ဆစ်တပ်ကလည်း ပြည်သူ တွေကို အ ကြောက်တရားဝင်‌အောင် တရားလွန် လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီး ပြန်လည် နှိပ်ကွပ်တာ ဖိနှိပ်တာတွေ လုပ်ပြ နေကြတယ်

ဒီလို နှစ်ဖက် အပြန်အလှန် လက်ဦးမှုရယူ နေကြတဲ့ ပြည်တွင်းစစ်မှာ စစ်အင်အား မရှိကြလို့ တပ်သားသစ်တွေ အပြိုင် စုဆောင်းကြရာမှာ အမျိုးသမီးငယ်တွေကို စစ်မှုထမ်းဖို့ အပြိုင်စု ဆောင်းနေ  ကြတာ တကယ်ကော လိုအပ်ရဲ့လား

 ဖက်ဆစ်တပ်က စစ်သား မရှိ တော့လို့စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်ကတည်းက နည်းမျိုးစုံနဲ့ ပြည်ပထွက်ပြေးပြီးဒုက္ခ ရောက်ကြရတဲ့ လူငယ်မျိုးဆက်သစ်တွေ အများကြီးပါ 

စစ်မှုထမ်း ဥပဒေက လွတ်ဖို့ အကျုံးဝင် အသက်အရွယ်က လူငယ် ယောက်ကျားလေး တွေ ပြည်ပထွက်‌ ပြေးကြတာ ပြသာနာမရှိ‌‌ ပါဘူး ဘယ်နိုင်ငံ ရောက်ရောက်  ထောင်လိုက်ကျကျ ပြားလိုက်ကျကျ ငွေကြေး ဆင်မပြေ ကြလို့ အလွန်ဆုံး ယောက်ကျားဖာသည် ဖြစ်ကြပါစေအုန်း အရှုံး မရှိပါဘူး 

မိန်းကလေးငယ် တွေကို စစ်မှုထမ်းခေါ်ဖို့ အတင်း ဆက်လုပ်ကြမယ်ဆိုရင်တော့ မြန်မာ့ အမျိုးသမီးအရွယ်‌ကောင်း  သမီးပျို လုံမငယ်တွေ နိုင်ငံတကာပြေးကြ အများဆုံးတဖက်နိုင်ငံ မှာဒုက္ခတွေရောက်ကြ  ငွေ‌ရေး ကြေးရေး အစဉ်မပြေကြဘဲ ရပ်တည်ဖို့ခက် နောက်ဆုံး ရောက်တဲ့တိုင်းပြည်မှာ  ပြည့်တန်ဆာ လုပ်ဖို့ အတင်းမောင်းထုတ်လိုက်တာနဲ့ တူနေမလား ဆိုတာ  ဥပဒေ ထုတ်သူ တွေ ပြန်လည် သုံးသပ်ဖို့လို အပ်နေပါပြီ

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...