( 73 ) ..... ..... အရူးတယောက် အတွက် ,,,,,,, တိုင်းပြည်ပျက် ,,,,,,,,,,

 Feb 1 ရက် စစ်တပ်က အာဏာလု ခဲ့တာ ,,,, ခုဆို ရက် ၁၀၀ ကျော် နေပြီ ဖြစ်ပေမယ့် အာဏာလုကောင်စီဟာ တုိင်းပြည်ကို တည်ငြိမ်အောင် အုုပ်ချုပ်လို့ မရတဲ့ အခြေအနေ ဖြစ်နေတုန်းပေါ့ ဒီလိုဖြစ်တာအပြင် ငြိမ်းချမ်းစွာ ဆန္ဒ ပြသူတွေကို ,,,, အင်အား အလွန်အကျွံ သုံးပြီး လူမြင်ကွင်း လမ်းမကြီးတွေပေါ်မှာ ရိုက်နှက် နှိပ်စက် သတ်ဖြတ် ပြမှုတွေကြောင့် ပြည်သူလူထု ၉၀% လောက်ရဲ့  စက်စုပ်ရွှံ့ရှာ မုန်းတီးမှုကို ရခဲ့တာနဲ့ ပါတ်သက်လို့  PAW PAW  တို့လည်း ကျည်ဆံတွေကြား စစ်ခွေး ရဲခွေးတွေ နဲ့  စလိုက် ပြောင်လိုက် ပြေးလိုက် လွှားလိုက် အရူးလုပ်လိုက်  တိုင်ပင်လိုက်နဲ့ ပါဖြစ်ကြပြန်တာပေါ့ ,,,,,, ,,,,,,,  ,,,,,,,,, ,,,,,,,,, ,,,,,, ,,,,,,,,

 နိုင်ငံရေး ဘိုးအေကြီး တယောက် ကဘာပြောလည်းဆိုတော့ ခု  ၂၀၂၁  အရေးအခင်းက အရင် အရေးအခင်း တွေနဲ့ လုံးဝမတူဘူးကွတဲ့ ,,,,, ဘာ့အတွက်ကြောင့်လဲ မေးမိတော့  ကျောင်းသား သမဂ္ဂ ဖြိုခွဲခံရတဲ့ အရေးအခင်း  , ဦးသန့် အရေးအခင်း , ၈၈ အရေးအခင်း တွေက ကျောင်းသားလူငယ်တွေက  စစ်အစိုးရ ကိုမကျေနပ်လို့ တော်လှန် ကြရာကနေ ဖြစ်လာရတဲ့  လူထုတော်လှန်ရေးကြီးတွေပေါ့ကွာ ,,,,, ခုက အရင် အရေးအခင်းတွေနဲ့  လုံးလုံး မတူဘူးကွ ဆိုဘဲ ,,,, ဘာဖြစ်လို့လဲ ဆိုတော့ တနိုင်ငံလုံးက ၁၈ နှစ် ပြည့်ပြီးသူတိုင်း ကိုယ်ပေးလိုက်တဲ့မဲ ဘယ်ပါတီကို ပေးခဲ့တယ်ဆိုတာ ကိုယ့်ဘာသာ သိနေကြပြီး ,,,, ကိုယ့်ရဲ့မဲကို ခြေ/ဥ အရ ဆံုးဖြတ်ပိုင်ခွင့် မရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးက ,,,, ဆရာကြီးလုပ် အသိအမှတ်မပြုတာကို မကျေနပ်ကြလို့ မဲပေးခဲ့တဲ့ ပြည်သူတွေ ကိုယ့်စိတ်ထဲရှိတာကို ဆန္ဒ ထုတ်ဖော်ရာက ,,,,, ငြိုမရ ပြုမရ ,,,,, စစ်ခွေးတွေ ရဲခွေးတွေ လက်လွန် နှိမ်နင်းရာက ပြည်သူက တို့လည်း လက်နက်နဲ့ ပြန်ဆော်မှ ရမယ် ဆိုတဲ့ အထိ ဖြစ်လာ ကြရတော့တာပေါ့တဲ့ ,,,,, အရင် အရေးအခင်းတွေက ကျောင်းသားတွေကို ဖမ်းလိုုက်တာနဲ့ ပွဲပြီးသလောက်ဖြစ်ခဲ့တာပါ ,,,,, ခုတခေါက်က ပြည်သူလူထု တရပ်လုံး , တတိုင်းပြည်လုံး ရဲဲ့ မကျေနပ်မှု တွေနဲ့ တောကောရွာကော မခံရပ်နိုင်လို့ ဖြစ်နေကြတာဆိုတော့ ဘယ်လိုပဲ နိုပ်ကွပ်ကွပ် , ဘယ်လိုပဲ ဖမ်းဖမ်း ခေါင်းဆောင်က ရှာမရ ,,,,, ဘယ်လိုမှ မငြိမ်းချမ်း နိုင်ပါဘူးတဲ့ ,,,, ပြည်သူတွေက သူ့အဖွဲ့ အလိုက် , သူ ့အုပ်စု အလိုက် ရသလို မြို့တိုင်း နယ်တိုင်း ရွာတိုင်း တော်လှန်နေကြတာပါ ဘာအရောင်အသွေး , ဘာပါတီ အစွဲအလန်းမှ မပါ ,,, အမှန်တရားအတွက် တော်လှန်မှုလုပ်နေကြတော့ ,,,,,,, ဘာပြောပြော အာဏာရူး တယောက်အတွက် တိုင်းပြည်ပျက်ကိန်း ဆိုဒ်နေရပါပြီကွာတဲ့ ,,,,,,,, ,,,,,,,,, ,,,,,,,,,,, ,,,,,,,,, ,,,,,,,,,

NLD မြို့နယ် CEC ဘော်ဒါတယောက်က Feb 1 နေ့ အာဏာသိမ်းတော့  ဖုန်းလိုင်း , အင်တာနက်လိုင်းတေွ အဖျက်ခံရတော့ ဘာအဆက်သွယ်မှလည်း မရကြတော့ ဘာလုပ်လို့ လုပ်ကြရမှန်းလည်းမသိ ဆိုဒ်ဝါးတွေကလည်း ၇၂  နာရီ စောင့်ကြည့်ကြ ဘာညာ ရှုပ်လို့ ပါကွာတဲ့ ,,,,, လွတ်တော်ကိုယ်စားလှယ်တေွကလည်း နေပြည်တော် စည်ပင်ရိပ်သာမှာ အကျယ်ချုပ်နေရတာ ဆိုတော့  ပါတီဗဟိုအနေနဲ့ ဦးဆောင်ညွန်ကြားမှူ ဘာမှာ မရှိ တော့  ,,,,, မြို့နယ် ပါတီဝင်တွေ အနေနဲ့ ဘာမှမလုပ်နိုင် မလှုပ်ရှားနိုင်ခဲ့ကြပါဘူးကွာဆိုဘဲ ,,,,,,  ,,,,,,, ,,,,,,,, ,,,,,,,,, ,,,,,,,,,, ,,,,,,,,,,,, ,,,,,,,,,,,,,

ခေတ်မှီ နည်းပညာတွေနဲ့ လှုပ်ရှားနေတဲ့ ဘော်ဒါက ဘာပြောလည်းဆိုတော့ အရင်ခေတ်နဲ့မတူတဲ့ အင်တာနက်ခေတ် ကြီးမှာ အာဏာလု ကောင်စီ သတိမထားမိတာက ပွင့်နေတဲ့  Facebook  ကို သူတို့ အလေးထား  ဂရုစိုက်ရမယ်ဆိုတာ မသိတာပါဘဲတဲ့ ,,,,,, အဲဒီမှာ တရက် အင်းစိန်လမ်းမကြီး ကနေ အထည်ချုပ် အလုပ်သမားတွေ အလုပ်ဖြုတ်သိမ်းချိန်မှာ ကျောင်းသားတွေက စည်းလုံးပြီး လှည်းတန်လမ်းစုံထိ ချီတက်လာတာကို Fb ကနေ LIVE တွေလွှင့်ပြကြတော့မှ တနိုင်ငံလုံး နိုးကြွားလာကြပြီး ,,,,, ဆန္ဒပြကြရမယ်မှန်း သိလာကြတော့တယ် ,,,,, နောက်ရက်တွေမှာ မြို့တိုင်း နယ်တိုင်း ရွာတိုင်း ကပြည်သူတွေ တပြုိင်နက် လမ်းမတွေပေါ်ထွက်လာကြတော့တာပါဘဲတဲ့ ,,,,, သတင်းစီးဆင်းမှုက အရင်နဲ့မတူ မြန်ဆန်တာကိုး ,,,, အာဏာလု ကောင်စီရဲ့ လံုးဝ အာရုံမထား ဂရုမစိုက် ပေါ့လျော့မှုကြီးက  ပြည်သူ့အချက် ဖြစ်လာရတာပေါ့ ,,,,, တကယ်တော့ FB ဟာ ပြည်သူ့တွေရဲ့  ကိုယ်ပိုင် သတင်း MEDIA လက်နက်ကြီးဖြစ်ခဲ့ရတာပေါ့ကွာတဲ့ ,,,,,, ,,,,,,, ,,,,,,,,, ,,,,,, ,,,,,,, ,,,,,

Gen Z တွေရဲ့ ဆန္ဒ ပြမှုက လူထုတွေထဲမှာ အထူးခြားဆုံး နဲ့  အသိမ်မွှေ့ဆုံးပါ ,,,,, နည်းလမ်းပေါင်းစံု နဲ့ ပြည်သူတွေကို မရိုးအောင် , အားကျအောင် ချပြနိုင်ခဲ့ကြပံုကို ဆန္ဒပြပွဲတွေလိုက်ပါခဲ့တဲ့ ဘော်ဒါကြီးက ,,,,, တချက်ခုတ် နှစ်ချက်ပြတ် တင် မဟုတ်ဘူး သုံး , လေးချက် ပြတ်အောင်ကို လုပ်ပြနိုင်တာ ဟေ့ကောင်တေွရေ ဆိုဘဲ ,,,,, ဘာဖြစ်လို့လဲကွ့လို့ မေးမိတော့ သူများတေွ ဆန္ဒပြကြတာ လမ်းအဝေးကြီးလျောက်ကြ အော်ကြ ကားတေွပါ ပါဝင်လာအောင် ကားလမ်းတွေကို ပိတ်ကြရပေါ့ ,,,,,, ဒါကို Gen Z တွေ ဘာလုပ်ကြတယ်ထင်သလဲ  ,,,,, လူအုပ်စုလိုက် တန်းစီပြီး ဝိုင်းကြီးပတ်ပတ် လမ်းဖြတ်ကူးကြတာ ဘယ်မှလည်း သွားစရာမလို , နေလည်းမပူ , လူစုလူဝေးလည်းဖြစ် ,,,,, ဆန္ဒ ပြသူ ချင်းချင်း သဘောကျလို့ ဝုိင်းဝန်း ပူးပေါင်းလုပ်ဆောင်ကြတာ တကယ့်ကို အားရစရာကြီးပါကွာဆိုဘဲ ,,,,, ကားတွေပိတ်လို့ ကားမောင်းသူတွေကလည်း ငိုရမလို , ရယ်ရမလို သူတို့လုပ်နေကြတာကိုကြည့်ပြီး စိတ်တိုရမလို လက်ခုတ်တီး အားပေးရမလို  နဲ့ ,,,,,, တကွက်ထဲနဲ့တင် လေးစားတယ် လက်လန်တယ် ခြေခွင်ရတယ် ဆိုတဲ့ တကယ့် Gen Z .... လေးတွေရဲ့ လုပ်ရပ်ပါဘဲကွာတဲ့ ,,,,,  အစပိုင်းမှာ လုံးဝ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ တကယ့် မေတ္တာရှင်လေးတေွပါ ,,,,, ခံရပေါင်း များလာလို့  ခံ ချချင်ကြပေမယ့် သူတို့ဟာ ခုထိ သူတို့ ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းစွာ ပျောက်ကျား စံနစ်နဲ့ ဆက်လက် ဆန္ဒ ဖော်ထုတ်နေ ကြလို့  စစ်ကောင်စီရဲ့ စစ်ခွေး ရဲခွေးတွေ အရူးလုပ်ခံ နေကြရလို့ ခံပြင်းပြီး အငြိုးတကြီနဲ့ ဖြိုခွဲတာ နေ့စဥ် နေ့တိုင်း ခံနေကြရဆဲပါ ,,,,,, ,,,,,,,,, ,,,,,,,,, ,,,,,,,,,,,,, ,,,,,,,,,,,,

CDM ဝန်တမ်းတွေ အကြောင်း ပြောပြတဲ့ ဘော်ဒါ ကတော့ ဝန်ထမ်းပေါင်းစုံ ကလည်း ကိုယ်ပေးထားခဲ့တဲ့ မဲကို  ကိုယ်တိုင် ဆန္ဒထုတ်ဖော်ပြမှ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းမတွေပေါ်ထွက်လာကြ အမှန်တရားအတွက် CDM ဆိုပြီး ပြည်လံုးကျွတ် စစ်ကောင်စီရဲ့ အမိန့် ဥပဒေ မလိုက်နာရေး မလေးစားရေး  မနာခံရေး လှုပ်ရှားမှုကြီးတွေပေါ်ပေါက်လာကြပြီး ,,,,  အာဏာလုကောင်စီ ပိုအကြပ်ရိုက်ခဲ့ရတော့တာပါပဲ ,,,,, ဒီခြားထဲ ပုဂ္ဂလိက ဘဏ်တွေကပါ CDM လုပ်ကြ တော့ ဗဟိုဘဏ်ပါ ဖင်ကြားခဲညပ် ရတော့တာပါဘဲတဲ့ ,,,,, နောက် အကြောက်လွန် ပြည်သူတချို့က စစ်ကောင်စီက သီးခြားရပ်တည်ရတဲ့ ဗဟိုဘဏ်က ဝန်ထမ်းအကြီးအကဲတတွေကို ဖြုတ်ပစ်လိုက်တော့ ,,,,, ကြောက်လန့်ပြီး ဘဏ်ထဲက သူတို့ငွေတွေ ထုတ်ကြတာ ,,,,,, အများပြည်သူ အထိပါ ဓါတ်တွေလိုက်ပြီး ,,,,,, SHORT တွေ ဖြစ်ကုန်ကြတော့ ဗဟိုဘဏ် မီးမလောင်ဘဲ ပြာကျ တော့တာပါဘဲကွာတဲ့ ,,,, ,,,,,, ,,,,,,, ,,,,,,,,, ,,,,,,,,, ,,,,,,,, ,,,,,,,,,,, ,,,,,, ,,,,,,,, ,,,,,,, တကယ်က ဒီအရေးအခင်းကြီး ဟာ စကတည်းက မဟုတ်တာ မခံချင်ကြတဲ့စိတ် အရင်းခံနဲ့ စလာခဲ့ကြတာ,,,,,ခေါင်းဆောင်မထား  အားလံုးက ခေါင်းဆောင်တွေချည်းဘဲ ဆိုုတဲ့ စိတ်ဓါတ်နဲ့ လုပ်လာကြတာဆိုတော့ ပြည်သူအားလံုး ခေါင်းဆောင်တွေချည်းပါ ,,,,,, ခုဖမ်းထားကြတဲ့ အနုပညာရှင်တွေ , ၈၈ ခေါင်းဆောင်တွေ , CDM ဝန်ထမ်းတွေ ,  NLD ပါတီ အဖွဲ့ဝင်တွေ ,,,,, နောက် ဖမ်းဝရမ်း ထုတ်ထားခံရသူတွေ ဖမ်းနိုင်လဲ ပြသာနာက ငြိမ်းမသွားနိုင်ဘူးဆိုတာ တာဝန်ရှိသူတွေ သိဖို့ ကောင်းနေပြီ ဆိုဘဲ ,,,,,, အနာတခြား ဆေးတခြား ဖြစ်နေတဲ့ ကျုပ်တို့ တိုင်းပြည်ကြီး ပြသာနာတွေ ငြိမ်းအောင် အမြန်ပြီးအောင်ဆို ဘာလုပ်သင့်သလဲ ပြောဗျာ မေးမိတော့ ,,,,,,, နည်း ၃ နည်း တော့ ရှိတယ်ကွ ဆိုဘဲ ,,,,, ပထမနည်းကတော့ တပ်ထဲမှာ  အမြင်မှန်ရှိတဲ့ သူ , ဟုတ်တာ မှန်တာလုပ်ရဲတဲ့ သူ , နောက်လိုက်နောက်ပါများတဲ့  သူရဲကောင်း တယောက်ပေါ်ထွက်လာပြီး ပြည်သူလူထု ဘက်က သတ္တိရှိရှိ ရပ်တည်နိုင်ရဲရင် ,,,,,,, ,,,,,, ,,,,,,, နောက်တနည်းကတော့ အရူးကို အရူး လက်မှတ် ပေးလိုက် နိုင်ရင် ,,,, အရင်လို ဗိုလ်နေမြဲ ကျားနေမြဲ ၂၀၂၀ ရွေးကောက်ခံ ပြဘ်သူ့အစိုးရကို အာဏာပြန်ပေး လိုက်ရင် နိုင်ငံတကာရဲ့ ထောက်ခံမှုလည်းရမယ် ပြည်သူလူထုလည်း အနည်းနဲ့အများ ကျေနပ်မယ်ဆို  တိုင်းပြည် အမြန််ကောင်းနိုင်မယ် ,,,,,, ဒါမှမဟုတ် ပြည်သူက တိုက်ယူကြမယ် လုံးဝ မြေလှန် အမြစ်ပါ နုတ်ကြမယ် ,,, လက်နက်ကိုင်ကို လက်နက်နဲ့ဘဲပြန် ဖြေရှင်းကြမယ်ဆိုရင်  ပြည်သူတွေ ပိုသေ , ပိုဒုက္ခရောက်  ပြည်တွင်းစစ်ကြီးဖြစ်ပြီး မြို့ပျက် , ပြည်ပျက် ဖြစ်မယ် ,,,,,,, အာဏာရှင် ဆိုတာ ဘယ်နိုင်ငံမှာမဆို အရှင် မထွက်ကြတော့ ,,,, စစ်ကောင်စီ ခွေးတွေကလည်း ကမ်းကုန်အောင် မိုက်ရိုင်းကြ ယုတ်မာကြမယ့့် အခြေ အနေမှာ ပြည်သူ ပြည်သား လူထုကြီး တရပ်လုံး ကလည်းသူတို့ထက် ပိုပြတ်သား ပိုမိုက် ပိုစိတ်ပိုင်းဖြတ် ထားပြီး အသင့် ပြင်ဆင် ထားကြရမှာ မလွဲပါ ,,,,,, ,,,,,,,,, ,,,,,,,,,,, ,,,,,,,,, ,,,,,,,,


အရေးတော်ပုံ ,,,,အောင်ရမည် ,,,,, အောင် ကို အောင် ရ မည်



(86) ဒုတိယ ဗိုလ်ချုပ်ရူးကြီး

 ဗိုလ်ချုပ်ရူးကြီးက တွဲဘောထည့်ထားတဲ့ ဒု အရူးကြီးကတော့အ ခြေအနေမကောင်းပါဘူး  မြဝတီကို အသိမ်းမခံရဖို့ မော်လမြိုင်မှာ အထိုင်ချ ကွပ်ကဲမယ်လုပ်တာ ပ...