စာစောင်အဟောင်းလေး ပျင်းပျင်းနဲ. ဖတ်မိတာက..... 12 july 2012 ရက်နေ့ထုတ် venus news စာစောင်ရဲ့ ကလောင်ရှင်.... ခင်နှင်းကြည်သာရဲ့ ဆောင်းပါး တပုဒ်ပေါ့...သူရေးတာကတော့ မြန်မာပြည်က ပြည့်တန်ဆာ တယောက်ကို interview သဘောချပြသွားတာက ဒီလို..........လမ်းပေါ်မှာ ဧည့်သည်ရှာရတဲ့ ပြည့်တန်ဆာ ဘ၀ နှင့် အနှိပ်ခန်းမှာ ဧည့်သည်မျော်ရသော ပြည့်တန်ဆာ ဘဝ....... အနှိပ်ခန်းမှာ နေရတဲ့ ဘ၀က ပိုအဆင်ပြေတယ်တဲ့ .......တချို့ဆို နယ်တွေက လာပြီး ရန်ကုန်မှာ အလုပ်လုပ်ကြပေမယ့်... ငွေရေး ကြေးရေး အဆင်မပြေတော့...ပညာတတ်ဘွဲ့ရတွေ ......သူနာပြု Nurse တွေ တောင် ဒီလောကထဲ ရောက်လာကြပြီး.....သူတို.ကိုတောင် တားဆေး ဘာတွေ ထိုး ပေးကြတယ် ဆိုပဲ.......ဒီအလုပ် လုပ်ရတာ AIDS ဖြစ်မှာတော့ ကြောက်တယ်တဲ့.......ဒါပေမယ့် ဖြစ်ပြီး မြန်မြန်သေတော့လည်း ကောင်းတာပဲ.........ဒီဘ၀မှာ အကြာကြီးမနေချင်တော့ဘူးတဲ့........သူများတွေ လို လူတွေ တန်ဘိုးထား တဲ့ ဘ၀နဲ.ပဲ နေချင်တယ်.........ညညဆို တွေး ပြီး ငိုရတယ်ဆိုပဲ.....သူများတွေက ပြောကြတယ် ... နိုင်ငံခြားမှာဆိုရင် ဒီလိုလုပ်စားနေသူတွေကို အလုပ် အကိုင် အဖြစ် သတ်မှတ်ပေးပြီး ဥပေဒ နဲ. အကာ အကွယ်ပေးတယ်........ဒီမှာလည်း ရှိရင်ကောင်းမယ်..... ခုတော့ နေစရာလည်း အစဥ် မပြေ ဘူး.....ရပ်ကွက်တွေက ပြောင်းခိုင်းလို့ ပြောင်းရတာလဲ လေး, ငါးကြိမ်လောက်ရှိပြီ ဆိုပဲ......
ဒီစာစောင်လေး ဖတ်မိတော့ PAW PAW တို. အဖွဲ့လည်း ခေါင်းချင်းဆိုင် ပြောဖြစ်ကြတာပေါ့..........အဲ နိုင်ငံတကာ သွားနေတဲ့ ဘော်ဒါ တယောက်ကတော့ တိုင်းပြည် တပြည်ရယ်လို့ ဖြစ်လာရင်..... ပြည့်တန်ဆာ ဆိုတာ ရှိတယ် ဘယ်နိုင်ငံ ရောက်ရောက် မြင်နေ တွေ့နေ ကြားနေရတာ ပါပဲ ဆိုဘဲ.......... .......... ............ ........... .......စ လုံး ကပြန်လာတဲ့ ဘော်ဒါကြီးကတော့ စ လုံး မှာဆို .....ပြည့်တန်ဆာ လမ်းဆိုပြီး တလမ်း လုံး အဲဒီအလုပ် လုပ်ကြတဲ့ အခန်း တွေ ချဥ်းပဲတဲ့ ......... ........ ........ ........ဂျပန်ပြန် အိုက်တိုးပကေးဆန် ကတော့.... ဂျပန်မှာဆို အမျိုးသမီး တွေကို အာသာ ဖြေပေးတဲ့ ..... အခန်း တွေမှာ ယောက်ကျား ပြည့်တန်ဆာတွေ တောင် ရှိတယ် ဆိုပြန်တယ်........ ............. ........အဲ......ရန်ကုန် ကို မွှေနေတဲ့ ဘော်ဒါ တစ်ယောက်ကတော့ အားကျမခံ မင်းတို့ စလုံးတွေ Nippon တွေ ....ပြောမနေကြနဲ့တဲ့ ဒို့ ဒီ ရန်ကုန်မြို့ကြီးမှာလည်း ဗိုလ်ချုပ်စျေးထဲမှာ ယောက်ကျားပြည့်တန်ဆာတွေ လုပ်စားနေကြတာ.........ပြည်လမ်း ကန်ဘောင်နားက ကား မှတ်တိုင်တွေမှာ ....ကန်တော်ကြီး ပတ်လမ်းတွေ မှာ ဖောက်သည် မျှော်နေကြတာ.........အနော်ရထာလမ်းက ကား မှတ်တိုင်တွေမှာ ပြည့်တန်ဆာမတွေ ...... အထာပေးလုပ်စားနေကြတာ တွေ မင်းတို့သိကော သိကြရဲ့လား ဆိုပဲ........အမြို့မြို့၊ အနယ်နယ်တိုင်းလိုလို မှာ ရှိနေ လုပ်နေကြတာပါပဲတဲ့ ......... .ဒီတော့ ဘယ်သူတွေ ဘာတွေ ပဲ ပြောပြော ..........ဘယ်သူတွေ ဘယ် လောက်ပဲ ကြပ်ကြပ်..........ဘယ်သူတွေ ဘယ်လောက်ပဲ ဖမ်းဖမ်း.........ပြည့်တန်ဆာဆိုတာ ရှိနေမှာပဲတဲ့..........ဒီတော့နှိမ်နင်းလို့ မရမဲ့. အတူတူ.......ရဲ တွေ လည်း အလုပ်မရှုပ် ရ ,တရားရုံး တွေ ထောင်တွေ လဲ လူမစည်ရအောင်......... လာဒ်ပေး လာဒ်ယူလည်း ပပျောက်ရအောင် ပြည့်နေတန်ဆာလုပ်ကိုင်ဖို့ နေရာတခုလောက် သတ်မှတ်ပေး လိုင်စင်ပါချပေးပြီး.... ပြည့်တန်ဆာလုပ်သူ တွေကို တလတခါ ဆေးမှန်မှန်စစ်.....အစိုးရက အခွန်ရအောင်ကောက်ဆိုရင်တော့......ခုမှုခင်းစာစောင်တွေမှာ ဖတ်နေရတဲ့..... အရွယ် မရောက်သေးတဲ့ ကလေး တွေ ကို အဓမ္မ ကျင့်ကြတာ တွေ ၊ သူများသား မယားကြာခိုတာတွေ ၊ အချောင်နှိုက်တာ တွေ ၊ AIDS ရောဂါ ဖြစ်နိုင်တာ တွေ လျော့ကျ သွားနိုင်တယ်ဆိုပဲ.........စိတ်ရှိရင်သူ.ဘာသာ တန်ရာတန်ကြေးပေး.... စိတ် အာသာ ဖြေခွင့်တွေ ပေးလိုက်လိုက်ရင် တော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ လျော့နည်းသွားနိုင်တယ်ဆိုပဲ.........ဒီဖက်ခေတ်မှာ ခေတ် တွေ ကတိုးတက်လာကြပြီး သိချင်တာ ကို Internet မှာ ရှာလို့ ရနေတော့ ....... လူငယ်တို့ သဘာဝ Sex အကြောင်း ရှာလို့ကလွယ်.......စိတ် ထွက်ပေါက်က မ ရှိတော့ ဂေါက်ကြောင်တွေ၊ သုတ်ကြောင်တွေ ဖြစ်လာကြပြီး....မဟုတ်တာတွေ စဥ်းစားလာကြပြီး ....နီးစပ်ရာ ကြောင်တောင်နှိုက် ကြတော့ မၿြစ်သင့်တာတွေ ပိုအဖြစ်များလာရတယ်ဆိုပဲ.......အဲနောက်ဘော်ဒါ တ ယောက်ကတော့..... ဘုရားခေတ်မှာတောင် ပြည့်တန်ဆာ ဆိုတာရှိစေပြီး.....ချောပေ့ လှပေ့ ဆိုသူတွေ ကိုမှလုပ်ကိုငါစေသတဲ့. ....ဘုရားလက်ထက်တောင် လူ တွေကို မဖြစ်သင့်တာ မဖြစ်ရအောင် စိတ်ထွက်ပေါက်တွေ လုပ်ပေးထားတယ် ဆိုတော့ စဥ်းစားစရာပဲနော်.....ဘုရားရှင်ထက် ဘယ်သူတွေ ကများ .... ကြိုမြင် ၊ ကြိုသိ ၊ ပိုတတ် လုပ်ချင်နေကြသလဲတဲ့......... သူတို့နဲ. ဒူးတိုက် ဆွေးနွေး ကြည့်မှပဲ PAW PAW တော့ ခေါင်း မွှေး တွေ ပိုဖြူကုန်တော့မှာပဲ............လုပ် ,,,,,,လုပ် ကြ ပါ အုန်း ,,,,,,,,
No comments:
Post a Comment