(96) စစ်ပွဲ နဲ့ အမျိုးသမီး

 ဒီတိုင်းပြည်မှာ တိုင်းရင်းသား လူမျိုးစု တွေ တန်းတူအခွင့်အရေး မရကြလို့ ဆိုပြီးလက်နက်ကိုင် တိုက်ယူဖို့ကျိုးစားနေကြတယ်

စစ်တပ်က အာဏာသိမ်းတာမ ကျေနပ်လို့ဆိုပြီး တနိုင်ငံလုံးက လူငယ်တွေ  PDF အ‌နေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင် နေကြတယ်

 ဖက်ဆစ်တပ်ကလည်း ပြည်သူ တွေကို အ ကြောက်တရားဝင်‌အောင် တရားလွန် လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီး ပြန်လည် နှိပ်ကွပ်တာ ဖိနှိပ်တာတွေ လုပ်ပြ နေကြတယ်

ဒီလို နှစ်ဖက် အပြန်အလှန် လက်ဦးမှုရယူ နေကြတဲ့ ပြည်တွင်းစစ်မှာ စစ်အင်အား မရှိကြလို့ တပ်သားသစ်တွေ အပြိုင် စုဆောင်းကြရာမှာ အမျိုးသမီးငယ်တွေကို စစ်မှုထမ်းဖို့ အပြိုင်စု ဆောင်းနေ  ကြတာ တကယ်ကော လိုအပ်ရဲ့လား

 ဖက်ဆစ်တပ်က စစ်သား မရှိ တော့လို့စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်ကတည်းက နည်းမျိုးစုံနဲ့ ပြည်ပထွက်ပြေးပြီးဒုက္ခ ရောက်ကြရတဲ့ လူငယ်မျိုးဆက်သစ်တွေ အများကြီးပါ 

စစ်မှုထမ်း ဥပဒေက လွတ်ဖို့ အကျုံးဝင် အသက်အရွယ်က လူငယ် ယောက်ကျားလေး တွေ ပြည်ပထွက်‌ ပြေးကြတာ ပြသာနာမရှိ‌‌ ပါဘူး ဘယ်နိုင်ငံ ရောက်ရောက်  ထောင်လိုက်ကျကျ ပြားလိုက်ကျကျ ငွေကြေး ဆင်မပြေ ကြလို့ အလွန်ဆုံး ယောက်ကျားဖာသည် ဖြစ်ကြပါစေအုန်း အရှုံး မရှိပါဘူး 

မိန်းကလေးငယ် တွေကို စစ်မှုထမ်းခေါ်ဖို့ အတင်း ဆက်လုပ်ကြမယ်ဆိုရင်တော့ မြန်မာ့ အမျိုးသမီးအရွယ်‌ကောင်း  သမီးပျို လုံမငယ်တွေ နိုင်ငံတကာပြေးကြ အများဆုံးတဖက်နိုင်ငံ မှာဒုက္ခတွေရောက်ကြ  ငွေ‌ရေး ကြေးရေး အစဉ်မပြေကြဘဲ ရပ်တည်ဖို့ခက် နောက်ဆုံး ရောက်တဲ့တိုင်းပြည်မှာ  ပြည့်တန်ဆာ လုပ်ဖို့ အတင်းမောင်းထုတ်လိုက်တာနဲ့ တူနေမလား ဆိုတာ  ဥပဒေ ထုတ်သူ တွေ ပြန်လည် သုံးသပ်ဖို့လို အပ်နေပါပြီ

(95)မအလ ထွက် NLD တက်

 မင်းအောင်လှိုင် 2020 ရွေးကောက်ပွဲ မှာ သူ မဲပေးအပြီးပြောခဲ့တဲ့ TV show မှာ ပြည်သူအများစုက ရွေးချယ်ခဲ့တဲ့ မဲပေး ရလဒ်ကို လက်ခံမှာပါ ဆိုပြီး စပ်ဖြဲဖြဲ စောက်ခွက်‌ပြောင် ပြောခဲ့ပြီး ဂတိမတည် မျက်နှာ ပြောင်တိုက်ပြီး အာဏာသိမ်းခဲ့တဲ့ စောက်ခွက်ကို မြင်လေလေ ပြည်သူအများစုက စောက်မြင်ကပ်လေ မအေလိုး မင်းအောင်လှိုင်လို့ သမုတ်ပြီးဆဲဆိုခဲ့ကြပြီး ပြည်သူအများစုက သူ့စောက်ခွက်မြင်လေလေ တော်လှန်ချင်လေ ဖြစ်နေကြတာက ခက်တယ် ။ ။ ။

ဒီလိုလက်ရှိ ဖြစ်နေတဲ့ တနိုင်ငံလုံး အနှံ စစ်ရှုံးအခြေအနေမှာ မအေလိုး မင်းအောင်လှိုင်ကို               အရူးလက်မှတ် ‌ပေးဖယ်ရှားပြီး 
လက်ရှိတပ်မတော်က လူငယ်မျိုးဆက်သစ်တွေနဲ့   2020 ရွေးကောက်ပွဲမှာ 
          NLD ပါတီတာ အနိုင်ရတာပါ 
            မင်းအောင်လှိုင် သမတရူး
လို့ တိုင်းပြည် ဒီလိုဖြစ်ရတာပါဆိုပြီး
                   ကြော်ငြာလိုက်ရင်
       ခုဖြစ်နေတဲ့ တိုင်းပြည်ပျက်ကိန်းက
               လွတ်မြှောက်သွားနိုင်မယ်

 အစိုးရသစ်  အကောင်အထည် ဖော်ဖို့  အမေစုလက်ထဲကို နိုင်ငံတော်ကိုအပ် လိုက်ရင် ခုလက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်သွားနိုင်ပြီး ပြည်သူတွေအချင်းချင်း သတ်နေတာတွေ ဆက်မဖြစ်နိုင် လောက်တောာ့ဘဲ ကျရှုံး နိုင်ငံ‌တော်အဖြစ် က လွတ်‌မြှောက်သွားနိုင်တယ်

 အဲဒီနောက် လွှတ်တော်အတွင်းမှာ စစ်တပ်က ယူထားတဲ့ 25% ကို တိုင်းရင်းသား ERO တွေကို ပေးပြီး  ဖက်ဆစ်စစ်တပ်က တပ်အလုပ်ကိုဘဲ လုပ်မယ်ဆိုပြီး စစ်တန်းလျားမှာသာနေဖို့ အာမခံပေး နိုင်မယ်ဆိုရင် တိုင်းပြည်မှာ စစ်ပွဲ တွေ ချက်ချင်းရပ်ကာ သွေးထွက်သံယိုနည်းပြီး အကောင်းဖက် ရောက်မယ်

 ERO တွေကလည်း ဇဝေ ဇဝါ ဖြစ်ကြပြီး  တိုက်တာရပ်ကြလိမ့်မယ် 

ဒီလိုမှ မဟုတ် ဖက်ဆစ်တပ်က ဆက်မိုက်ကြမယ်ဆို သူ့အောက်ခြေတပ်သားတွေက ဒီလိုမတရားစစ်မှာ ကိုယ့်မြန်မာ လူမျိုးအချင်းချင်းကိုသတ်ရမယ့် စစ်ပွဲကို မတိုက်ချင်ကြတော့ဘဲ အလံဖြူ ထောင်ဖို့လောက်ဘဲ စဉ်းစားနေကြတာကို အထက်က အရာရှိတွေ သိဖို့လိုပါတယ်

နောက်တခုက ဖက်ဆစ်တပ်ကို‌မြှောက်ပေး နေခဲ့ကြတဲ့  ကြံဖွတ်ပါတီနဲ့ အပေါင်းအပါ မိတ်ဖက်ပါတီဝင်တွေ အမျိုးသားရေးတွေ ကလည်း ဖက်ဆစ်တပ် အတွက် အသက်ပေးပြီးလက်နက်ကိုင် တိုက်ကြမယ်ဆိုတာ ခုထိ အသံ တွေ မကြားရဘဲ  ဖက်ဆစ်တပ်သား တွေကိုသာ အသေခံ မတိုက်ကြဘဲ အလံဖြူထောင်ကြလို့ အပြစ်တင်ချင်နေကြတာတွေဘဲ တွေ့နေရတယ်   

 တကယ်ဆို ခုလိုဖက်ဆစ်တပ်အတွက် စစ်အင်အားလိုအပ်နေချိန်မှာ သူတို့က စံပြအနေနဲ့ ရှေ့ဆုံးကထွက်ပြီး တိုက်ပွဲဝင်ဖို့ လုပ်ပြကြရမှာမဟုတ်ဘူးလား  ဒီဘောမတွေ တစုတစည်းထဲ အားဖြည့် တိုက်ပွဲ ဝင်ကြရင် ခုတိုက်‌နေတဲ့ စစ်ပွဲက အဖြေတခု ပြောင်းသွားနိုင်ပါတယ် ဘာလို့ဆို သူတို့ကမှ ဆန့်ကျင်ဘက်ကို မုန်းတီးစိတ်နဲ့တိုက်ကြ  ခိုက်ကြ လုပ်ကြ မှနိုင် နိုင်မှာကိုး

 စစ်မှုထမ်း ဥပဒေနဲ့ ရခဲ့တဲ့ တပ်သားသစ်တွေကတော့ အပြည့်အဝ ယုံကြည်စိတ်ချလို့ မရတဲ့ လူငယ်မျိုးဆက်တွေပါ   အမိန့်ပေးနေသူတွေရဲ့ နောက်စေ့ကို ချိန်ပစ်ဖို့ စိတ်ခံစားချက် ပြင်းသူ တွေများမှာကတော့ ပိုသေချာပါတယ်  

တနိုင်ငံလုံးမှာ ဖက်ဆစ်တပ်က စစ်မျက်နှာ တွေ ဖွင့်ထားရတော့ ဘယ်လိုမှ ဖက်ဆစ်တပ် မနိုင် နိုင်တော့တာကတော့ သေချာနေပါပြီ 

လားရှိုးကျပြီး မြောက်ပိုင်းတိုင်းတခုလုံး လက်နက်ချ အညံခံကြတာ။  မြောက်ပိုင်း သုံးဖွဲ့ရဲ့ နောက်ကွယ်က တရုတ်ပြည်ကြီးပါလို့  1967 က တရုတ် ဗမာ အရေးအခင်းလို လူမျိုးရေး  အရေး အခင်းကြီးတခု ဖန်တီးဖို့ ကြိုးစားခဲ့တာ ကို တရုတ်က သိ‌နေလို့ ဝမ်ယိ ကိုယ်တိုင်လာပြီး သတိပေးတာ

အမေရိကန်က KNU KNDO CDF တွေကို ခုရက်ပိုင်းအတွင်း အကူအညီတွေ ပေးမယ့်ဂတိ တွေပေးလာတာ

ကြံဖွတ် အောက်ကထ ခင်ရီက ရုရှားကိုစစ်ကူတောင်းတာ ဒါတွေကို  အသေ အချာ ချင့်ချိန်ပြီး ဖက်စစ်တပ်က တိုင်းပြည် နဲ့ ပြည်သူအကျိုးအတွက်ကြည့်ပြီး ကိုယ်ကျိုးစီးပွား တွေလျော့ သေရင်မပါကြတာ နှလုံးသွင်းမယ်ဆိုတိုင်းပြည် ပျက်ကိန်းက လွတ်မယ် 

ဒီလိုမှ မဟုတ်ရင် ခေတ်သစ် မြှောက်ကိုရီးယား နဲ့ တောင်ကိုရီးလို မြန်မာပြည်ကြီး

 တရုတ်လမ်းစဥ်နဲ့အုပ်ချုပ်ခံရတာ တခြမ်း

အမေရိကန်လမ်းစဉ် နဲ့အုပ်ချုပ်ခံရတာ တခြမ်း    ရုရှား လက်အောက်ကတခြမ်း 

 ဖြစ်ဖို့က သေချာ‌နေပြီ

ဖက်ဆစ်စစ်တပ်ဒီတခါ အကွက်ရွှေ့တာ မှားခဲ့ရင် 

       တိုင်းပြည် နှစ်ခြမ်းကွဲမလား

       အစိတ်စိတ် အမွှာမွှာကွဲမလား

ဒီနှစ်ခုထဲက တခုကတော့ ဖြစ်မှာ

သေချာ နေပါပြီ  

သေချာ နေပါပြီ ။။။။။



(94)အောက်ခြေ စစ်သားက သိနေပေါ့

 စစ်တပ်ကအာဏာ စယူကတည်းက

စစ်တပ်က အာဏာထိန်းတယ် ပြောပြော 

အာဏာသိမ်းတယ်  ပြောပြော 

တိုင်းစစ်ဌာန ချုပ်အသီးသီးမှာ ရှိနေကြတဲ့ တပ်မိသားစု အတိုင်းအဝိုင်းက စောက်ပု ဒီလောက်ပိုင်ဆိုင်မှု တွေများနေတာတောင်ဘာ တွေလောဘ တက်နေလဲ မသိဘူးဆိုပြီး ပြောနေကြတာ ကြားခဲ့ရပါတယ် 

သူအာဏာရူး နေလို့ ပြည်သူအများစု ကန့်ကွက် နေကြတာကို တိုင်းစစ်ဌာနချုပ်တွေက တပ်မိသားစု အတိုင်း အဝိုင်းတွေ အကုန် သိနေကြပါတယ် ဘာဖြစ်လို့လဲဆိုတော့သူအာဏာထိန်းလိုက် ကတည်းက ည 8 နာရီထိုးပြီဆို သံပုံးတီး သပိတ်က တိုင်းမြို့ကြီး တွေအကုန် လနဲ့ချီ လုပ်ပြီးဆန္ဒပြ နေကြတာကို တပ်တွင်းမိသားစုတွေက သိ‌နေခဲ့ကြပြီး သွေးပျက် နေခဲ့ကြရတာပါ အဲဒီကတည်းက  သူတို့အတွက် တကယ့် နမိတ်ဆိုးဘဲ ဆိုတာ သိနေကြပြီး  မိအောင်လှိုင်ကို  မေတ္တာပို့နေခဲ့  ကြတာပါ

နောက်ပိုင်း silence strike တွေမှာ ပြည်သူက ဘယ်လောက်ညီလဲ ပါဝင်ကြလဲ ဆိုတာပြတာကို ခုလို social media ခေတ်မှာ  အောက်ခြေ တပ်က မိသားစုတွေကို ဘယ်လိုဘဲ မျက်စိ ပိတ်ပိတ် သူတို့ သိနေကြတာကို အထက်က အရာရှိဆိုသူ တဖက်ပိတ်တွေ မသိကြပါဘူး ။ ။ ။

တကယ်ဆို အောက်ခြေ တပ်မိသားစုက အထက်က တဖက်ပိတ်တွေထက်  အပြင်မှာဖြစ်ပျက် နေတာတွေကို ပိုသိနေကြလို့  အထက်ကပေးတဲ့ အမိန့်ကို မနာခံကြ တော့ဘဲ အလံဖြူထောင် လက်နက် တွေချနေ  ကြတာပါ

 ဒါကို ဘူမသိ ကိုးမသိ တဖက်ပိတ် ခိုင်းဖတ် အရာရှိတွေ သူတို့မှာနောက်လိုက် တွေ  မရှိကြတော့ဘဲ သူတို့အရာရှိတွေဘဲ အသေခံတိုက်ရမယ်ဆို တာကို သိသိနဲ့ အတင်းတိုးဖို့ ဆက်မိုက် နေကြပါ

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...