28/3/2025 မှာ ပြင်းအား 7.7 အဆင့် ရှိတဲ့ စစ်ကိုင်းငလျင်ကြီးက ဖျက်အားအလွန်ကြီးမားပြီး ကမ္ဘာမြေကြီးပါ မိုင် ပေါင်း 300 ကျော် အက်ကွဲကြောင်းကြီး တခု ဖြစ်ပေါ်လာစေခဲ့ပါတယ် ဒီအက်ကွဲကြောင်းကြီးကို မိုးတွင်းမှာ ရေတွေစီးဝင်လာတော့မှာဖြစ်တော့ အက်ကြောင်း တ လျောက် အနီးနားက မြေတွေ အက်ကြောင်းထဲ ပြိုကျပြီး ရေစီး များလာရင်ချောင်းငယ် သဘောကျယ်လာ တော့မှာပါ အဲဒီကနေမှ တဆင့် တောင်ကျ ချောင်း ရေ တခုခုနဲ့သာ ဆက်စပ်မိပါက မြန်မာပြည်မှာ နောက်ထပ် မြစ်တစင်း ဖြစ် ပေါ် လာနိုင်တဲ့အတွက် ဘယ်လို အမည် ပေးမှည့် ခေါ်ရမလည်း ဆိုတာ အတွေးပေါ်လာမိပါတယ် ။ ။ ။ ။ ။
ဒါမှ မဟုတ် ဒီအက်ကွဲ ကြောင်းကြီးကို အသုံးချပြီး လာမယ့် မိုးရာသီ ဧရာဝတီမြစ်ကြီး မြစ်ရေကြီးလို့ စစ်ကိုင်း မန္တလေး မြစ်ရေ လျှံချိန်မှာ ခုအက်ကွဲကြောင်းကြီးထဲ ရေ တွေ လွှဲ ထည့်ပေး နိုင်ရင် အက်ကွဲ ကြောင်းတလျှောက် တူးမြောင်း သဘော လုပ်ပေးပြီး တဖြေးဖြေး ရေမျက်နှာပြင် ကျယ်လာပြီး မြစ်တစင်းဖြစ်ပေါ်လာပါက မြစ်တလျောက် ပတ်ဝန်းကျင် ရေဝေရေလဲဖြစ် ပေါ်လာပြီး ရေသွင်း စိုက်ပျိုးနိုင်ရင် သီးနှံစိုက်ခင်းတွေ ပိုကောင်း ပို အထွက်တိုးလာရင် မ ကောင်း ပေဘူးလား တတ်သိ ပညာရှင် တွေနဲ့ တိုင်ပင်ပြီး ငလျင်ဆိုးကျိုးထဲက ငွေသိပ်မကုန်ဘဲ တူးမြောင်း တခု လုပ်နိုင်ရင် ကောင်းကျိုးတခု အ နေနဲ့ ဖြစ်လာမလားဆိုတာ စဉ်းစားစရာပါ ။ ။ ။ ။ ။
No comments:
Post a Comment