(112) ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ တိုင်းပြည်

 ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေဆိုတာဟာ ဘာလုပ်လုပ် ကံ ကံရဲ့ အကျိုးကို ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့အတိုင်း ယုံကြည် လက်ခံ ကိုးကွယ် စည်းပူးကြသူ တွေချည်းပါဘဲ ။ ။ ။ ။ ။

ကောင်းတာလုပ်ရင် ကောင်းတာလုပ်ခဲ့တဲ့ အလျှောက် ဆိုးတာလုပ်ရင် ဆိုးတာလုပ်ခဲ့ကြတဲ့  အ လျှောက်  အကောင်း အဆိုး ရဲ့ အကျိုး အပစ်ကို ခုပစ္စုပ္ပန်မှာ မခံစားရရင်တောင် နှောင်ဘဝ မှာ သူ့ကျိုးပေးအတိုင်း ပြန်လည် တန်ပြန်ခံစားရမယ် ဆိုတာ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဟောကြားခဲ့အတိုင်း မြန်မာပြည်က ပြည်သူအများ သိရှိ နားလည်ထားပြီးသားသူ တွေချည်းပါ ။ ။ ။ ။ ။

မြန်မာနိုင်ငံသားတွေရဲ့ 90% ဟာ ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်ကြပေမယ့် တိုင်းပြည်ကို တာဝန်ယူ အုပ်ချုပ် နေကြတဲ့ အာဏာပိုင် အတိုင်းအဝိုင်း တွေဟာ ဘာသာတရားကို ခုတုံး လုပ်ဖို့ အတွက်သာ တွေးခေါ်စဉ်းစားခဲ့ကြပြီး သူတို့ရဲ့ လက်ရှိလုပ်ရပ် တွေဟာ ဘာသာမဲ့ တွေ အလား အထင်မှားအောင် ပြုမှူလုပ် ဆောင်ခဲ့ကြပါတယ် ။ ။ ။ ။ ။

 သူတို့ရဲ့ ဒေါ်စိန်အေး ကျောင်းတော်ကြီးက သင်ပြခဲ့ကြတာ တွေဟာ အမိန့် တခုထဲဘဲကိုဘဲ အထက် အောက် နာခံတတ်ဖို့ သင်ပြခဲ့ကြတဲ့ ဖက်ဆစ် ကျောင်းတော်ကြီး တခုပါ ဘာလုပ်လုပ် အထက်က အမိန့် ပေးတဲ့အတိုင်း လုပ်ကြရပြီး  ဘာမှ ပြန်မပြောရဲ အတွန့် မတက်ရဲကြဘဲ ဟုတ်ကဲ့ တလုံးထဲနဲ့ အမိန့် နာခံတတ် အောင် သင်ပြပေး  ခဲ့တာ နဲ့ပါတ်သက်လို့ PAW PAW တို့ ပါဖြစ်ကြပြန်တာပေါ့ ။။။။။

အိမ်နားက ဘာသာရေး အရမ်းလုပ်တဲ့ အိမ်နီးနားချင်းက ဘာ ပြောသလဲဆို တော့ ဒေါ်စိန်အေး ကျောက်းဆင်း အပွင့်တပ်ခွင့် ရှိသူတွေ ဆိုတာက တကယ်တန်းတော့ ဘာသာမဲ့ ဖက်ဆစ်ဝါဒီ အဆင့် တွေပါကွာတဲ့ ဘာသာတရားကိုလည်း သူတို့ အာဏာမြဲဖို့ အတွက် အသုံးချမှု တခုအ နေနဲ့သာ ခေါင်းထဲ ထည့်ထားကြသူ တွေချည်းပါတဲ့ ။ ။ ။ ။ ။

  ကံ ကံရဲ့ အကျိုးကို ဒီကျောင်းတော်ကြီးက ဆင်းလာသူ တွေဟာ အယုံ အကြည် မရှိကြသလို နှောင်ဘဝ ဆိုတာ မယုံကြည်ကြဘဲ ဝဋ်လိုက်တယ် ဆိုတာ သူတို့ကျောင်းတော်ကြီးက သင်ပြရမှာ အကြောက်ဆုံး သင်္ဏန်းစာတခုပါတဲ့ ။ ။ ။ သူတို့သိတာ သူတို့ ရာထူးတိုးဖို့ အာဏာမြဲဖို့ အတွက်ဆို ဗေဒင် ယတြာ ကိန်းဂဏန်း နဲ့ အကြား အမြင်လောက်ဘဲ ခေါင်းထဲ ရှိကြသူ တွေချည်းပါ ဆိုဘဲ  ။။။။။

ခု 2021နောက်ပိုင်း ဖြစ်ပျက်ခဲ့တာ တွေ လေ့လာကြည့်ရင် ဝဋ်ဆိုတာ နှောင်ဘဝ ထိမ စောင့်ဘူးဆိုတာ တွေ့လာရပါပြီတဲ့ အများပြည်သူက အာဏာသိမ်းတာ မကြိုက်ကြလို့ ငြိမ်းချမ်းစွာ စည်တန်း လှည့်လည် ဆန္ဒပြကြတဲ့ ပြည်သူလူထုကို သေနတ်နဲ့ ခေါင်းတည့်တည့်ပစ်ပြခဲ့ကြတယ် ဟော ခုတော့ အဲဒီ သေနတ်နဲ့ပစ်သူပြခဲ့ကြသူတွေ ပြန်ပြီး သေနတ်နဲ့ အပစ်ခံ နေကြရပြီ ဒါလည်းဝဋ်တခုလို့ပြောရ မလား နျူတန်ရဲ့ နိယာမ လို့ဘဲ ပြောရမလား  ။။။။။

နောက် စစ်တပ်က နယ်တွေ ရွာတွေကိုစစ်ကြောင်းတွေထိုးတယ် လမ်းမှာတွေ့တဲ့ရွာတွေကို  ဘုန်းကြီး ကျောင်းပါမကျန်အောင် အကုန် မီးရှို့တယ် မပြေးနိုင်တဲ့  ပြည်သူတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်  သတ်ပြခဲ့တယ် ဒါကို ပြည်သူက အေးမင်းတို့ လုပ်ထားကြပေါ့ကွာ တနေ့ မင်းတို့ တွေကို ဘုရားရိုက်လိမ့်မယ်ဆိုပြီး ကျိန်စာ သဘော  မနိုင်နိုင်ရာ ရွတ်ခဲ့ကြတယ်  ။ ။ ။

 ခုတော့ ပြည်သူတွေ ရွတ်ခဲ့သမျှကျိန်စာ  ကြောင့်လား  ဗုဒ္ဓရဲ့ အလိုတော်အရကြောင့်လား မသိပါဘူးကွာတဲ့ သဘာဝ တရားကြီးက အများပြည်သူ တွေဘက်ကနေ လိုက်ပြီးတော့ မဟုတ်တာလုပ်ခဲ့ သူတွေနဲ့ သူတို့ရဲ့ အသိုက်အဝန်းကြီး တခုလုံးကို ပြန်ပြီး ဒဏ်ခတ်လိုက်တာ သူတို့တွေ ကောင်း ကောင်းကြီး ပြန်ခံခဲ့ကြရပြီး ခုဆို သွေးပျက်နေကြပြီး ပဌာန်း ဒေတဏာတွေ နာနာရွတ်ကြပါလို့ ကြောက်လန့် တကြား  စော်ဩ နေရပြီပေါ့ကွာဆို ဘဲ ။ ။  ။ ။ ။ ။ 

ဟိုတဖက် ဆန့်ကျင်ဘက် အဖွဲ့ အစည်းက ဗုံးမကျဲ မီးမရှို့ ရဘဲ  သူတို့ရဲ့ အုပ်ချုပ်ရေး မြို့တော် နေပူတော်ဆိုတာကြီး လုံးဝသုံးစားမရ အပူလုံးကြွပြီး  မြို့တော်ပျက်ကြီး ဖြစ်သွားရအောင် သဘာဝ တရား ငလျင် ဆိုတာကြီးက သူတို့ နေထိုင် ရုံးစိုက်ရာ နေရာကြီးကို အငြိုး အတေးကြီးကြီး ကြီးနဲ့ ဒဏ်ခတ် သွားတာ ကြည့်ပြီး ဘယ်လို ပြောပြရရင် ကောင်းမလဲ  ရင်ထဲ ပေါ့သွားအောင် ပြောကြည့်လိုက်လေ ရင်ထဲပေါ့ သွား အောင် များများ ကြီးပြော ကြပြီး များများကြီး မေတ္တာပို့ကြ များများကြီး အမျှ ဝေကြ  အများ ပြည်သူ တို့ရေ  ။ ။ ။ ။ ။

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...