28/3/2025 ရက်နေ့ နေ့လည် 12:51 မိနစ်ခန့်က လှုပ်ခဲ့တဲ့ အင်အား 7.7 ပြင်းအားရှိတဲ့ ငလျင်ကြီး စစ်ကိုင်း ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းကြောင့် သက်တမ်းရင့်အဆောက်အအုံတွေနဲ့ ကွာလတီ မမှီတဲ့ condo အဆောက်အဦးတွေဟာ အောက် ခြေကို ခါရမ်း သလိုဖြစ်ခဲ့တော့ ခြေ ထောက် တွေ ရိုက်ချိုးခံရသလို ဖြစ်ပြီး အပေါ်ဝိတ်ကို မခံနိုင်ဖြစ်ကာ ပြိုကျခဲ့ကြရပါတယ်
ဒီ ငလျင် နဲ့ပါတ်သက်ပြီး PAW PAW တို့ အဖွဲ့တွေလဲ ဒီလောက်ထိ ဖြစ်ရသလားဆိုပြီး မချိတင်ကဲ ပွားဖြစ်ကြတာ ပေါ့
ဗဟိုစည်နားမှာနေ တဲ့ ဘော်ဒါကြီးက ဘာပြောသလဲ ဆိုတော့ ခုနောက်ပိုင်း ကား တွေရပ်ဖို့ နေရာ အခက်အခဲကြောင့် ဗဟိုစည် အိမ်ယာလို ခြေတန်တွေ ဘလာထား ဘေးတိုင်တွေကို ဘာအကာမှ မရှိဘဲ ထီးတည်းချဥ်းနဲ့ ကားရပ်ဖို့ဆို လုပ်ကြတာ တွေဟာ ခုလို ငလျင်မျိုးနဲ့ဆို လယ်လိုမှ မသင့်တော် မခံနိုင် လောက်ဘူးထင်တယ် ဘေးပတ်ပတ်လည်က တိုင် တွေကို 4လက္မခွဲနဲ့ တောင် မဟုတ်ဘဲ 9လက္မ 12လက္မအုတ်ရိုး တွေနဲ့ တောင် တိုင် တွေ မယိမ်းအောင် ပိုပံ့ပိုး ပေးသင့် လုပ်သင့် တယ်ဆိုဘဲ
နောက် engineer ဘော်ဒါကြီးက ဘာပြောလဲဆို တော့ ခု မန္တလေး ဖြစ်စဉ်ကို ပြန်လေ့လာကြည့်ရင် SKY Villa ဆိုဘယ် လောက် ခိုထား ခိုးထား လဲဆို သူနဲ့ တလမ်းထဲက Hotel တလုံးဆို 8ထပ်လား 9ထပ်လား မသိဘူး ဘာဆို ဘာမှ မပျက်ဆီးဘူးကွ အဲဒီ အဆောက်အဦးဆို မှန်ချပ် တွေ နဲ့ တတိုက်လုံး ကပ်ထားတာကွတဲ့ ငလျင်ဒဏ်ခံရတာခြင်း အတူတူ မှန်တချပ် တောင်ကွာမကျဘူး ဆို တော့ Sky Villa ရဲ့ အဖြေကရှင်းနေပြီ ဆိုဘဲ Sky Villa ဟာလုံးဝ quality မမှီတဲ့ အအောက်အဦးကြီးတခုပါ ဘဲကွာတဲ့ တခြား အိမ်တွေ က တထပ် နှစ်ထပ် လောက်ဘဲ ပြိုကျခဲ့ ပေမယ့် ဒီ condo ဟာ အဆောင် လေးဆောင်ရှိတာမှာ သုံး ဆောင်ဟာ လုံးဝ ကွန်ကရစ် အပုံကြီးဖြစ်ရ လောက်တဲ့အထိ ပြိုကျခဲ့တဲ့ အတွက် quality အရမ်းညံခဲ့ တယ်ဆိုတာ သေချာပါတယ် ဆိုဘဲ
နောက်ဘော်ဒါ တယောက်ကဘာ ထောက်ပြသလဲဆိုတော့ ခု CONDO တွေ ဆောက်ကြတာ Quality control ကို ဘယ်ဌာနက တာဝန်ယူလုပ်ကြတာလဲ သူတို့ တွေမှာ အဓိက တာဝန်အရှိဆုံးဘဲတဲ့ သံချောင်းဆို အထပ်ဘယ်လောက် တက်ရင် သံလုံးဆိုဒ် ဘယ်ဆိုဒ်သုံးရမယ် ခန်းဖွင့် ဘယ်လောက်အကျယ်ယူရင် ဘယ်ဆိုဒ် သုံးရမယ်ဆိုတာ ဥပဒေ တွေရှိထားပြီးသားပါကွာတဲ့ ကွန်ကရစ်ဆိုလဲ 6 လက္မပတ်လည် တုန်းလေး တွေ လောင်းခိုင်းပြီး မာဆင့်တွေစစ်ဖို့ ဥပဒေ တွေမှာ အကုန် ပြဌာန်းပြီးသား တွေပါကွာတဲ့ အဂတိတွေ လုပ်ကြတာအရမ်းများခဲ့ကြလို့ ခုလို ကြေကွဲစရာ ဖြစ်ရပ်တွေကြုံကြရတာဘဲ ဆိုဘဲ။ ခုဖြစ်စဉ်မှာ
လုပ်ငန်းရှင် construction သမား နဲ့ တာဝန်ခံ ဆိုဒ် အင်ဂျင်နီယာ တွေက တော့ ဒုတိယ တရားခံ တွေပါဘဲတဲ့ သံချောင်းတွေ ပြည့်အောင် မထည့်တာ ဆိုဒ်မမှီတာ ခိုကြတာ ခိုးကြတာ တွေကြောင့် ခုလို ရုပ်ပျက် ဆင်းပျက် အဖြစ်ဆိုးကြီးတွေ ဖြစ်ကြရတာပါတဲ့
နောက်တဖွဲ့က Batching plant ဆိုတဲ့ ကွန်ကရစ် ဖျော်စက် company တွေက တတိယ တရားခံ တွေပါဘဲတဲ့ ကွန်ကရစ် ဖျော်စက် တွေက construction သမား တွေက မဟုတ်တာ လုပ်ခိုင်းတဲ့ အချိုးအစားကို လုပ် ပေးကြတာလား ကွန်ကရစ်ဖျော်စက် company ကဘဲ quality မမှန်တဲ့ အချိုးအစားကို လိမ်ရောင်းခဲ့လို့ ခုလိုဖြစ်တာလား စီစစ် ပြီး ဒီ အဖွဲ့ 3 ဖွဲ့ က တာဝန်ရှိသူတွေကို စံပြ အနေနဲ့ အရေးယူသင့် တယ် သူတို့ တွေရဲ့ ပိုင်ဆိုင်တာ တွေပါ နိုင်ငံပိုင် သိမ်းယူသင့်တယ် ဆိုဘဲ
နေပြည်တော်ကြီး ကတော့ ငလျင်ကြာပေါ် တည့်တည့် ကြီးဆောက်မိရက်သား ဖြစ်နေပါပြီ စာဖတ်သူကြီးရဲ့ ဒုတိယမိ အမှား တခုပါဘဲ အင်္ဂလိပ်တွေ ဘာကြောင့် ရန်ကုန်ကို မြို့တော်တည်ခဲ့တာလည်း ဆိုတာ ငလျင်ကြီးက အဖြေ ပါဘဲ မီးလင်းကာင် ကတော့ နေ
ပြည်တော်ကြီးကို နိုင်ငံတကာက အလျူငွေ တွေနဲ့ ပုံအောချင်နပုံပါဘဲ လုပ်လိုက်လေ နောင် နှစ် ၅၀ လောက်ဆို နောက်တခါ လာပြန်ပြီ ဟေ့ ဟေ ဟေ ဝါး
No comments:
Post a Comment