(109) တပ်မတော် ဘာကြောင့် ပျက်ဆီးခဲ့ရတာလဲ

 ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့တဲ့ ရဲဘော် သုံးချိပ်က စခဲ့တဲ့ တပ်မတော်ကြီးဟာ နှစ်ပေါင်း 70 ကျော် 80 ပြည့်လာချိန်မှာ ပြိုကွဲပျက်ဆီးဖို့ ဖြစ်လာ နေပါပြီ ဒီလို ဖြစ်လာရတဲ့ အ ကြောင်းအရင်းနဲ့ ပတ်ပြီး PAW PAW တို့ အဖွဲ့ လည်း လ္ဘက်ရည် သောက် အီး ပေါက် ဖြစ်ကြတာ ပေါ့ ၊၊၊၊၊

7 July မှာ လှုပ်ရှား ခဲ့တဲ့ ကျောင်းသားဟောင်း ဖိုးတော်ကြီး ပြောပြ တာက တော့ ဥနေဝင်း လက်ထက် ကတည်းက တပ်က အကြီးပိုင်း အာဏာယူခဲ့သူ တွေကို retired တွေ‌ ပေးပြီး အရပ်ဘက် အုပ်ချုပ်ရေး ကိုပို့ကတည်းက တိုင်းပြည်ကို စံနစ်တကျ ဖျက်ဆီးဖို့ လုပ်လာခဲ့တာပါဘဲကွာတဲ့ အာဏာရှင် နေဝင်း ဟာ သူအာဏာမြဲဖို့ အတွက် အရပ်ဘက် အုပ်ချုပ်ရေး အထက်ပိုင်း တွေကို သူ့ ဘောင်းဘီချွတ် တွေနဲ့ အစားထိုးပြီး တိုင်းသူပြည်သား တွေကို အကြောက်တရားသွင်း စအုပ်ချုပ်ခဲ့တာပေါ့ကွာတဲ့ ဥနေဝင်း လုပ်ခဲ့တုန်းကတော့ သူ့သက်တမ်းတခုအတွက် အတော်ကိုအစဉ် ပြေခဲ့ ပြီး ပြည်သူတွေ ကြောက်လန်းပြီး ငြိမ်ခံခဲ့ရတာ ပေါ့ကွာတဲ့

88 နောက်ပိုင်း   စောမောင် သန်းရွှေ လက်ထက် လည်းရောက်ရော တပ်မတော်ကြီးက နေဝင်း နဲ့ စောမောင် အာဏာအ ပြောင်းအလဲမှာ စပြီး လုပ်ပိုင်ခွင့် အာဏာကို အသုံးချပြီး အဂတိ တွေ အကြီးအကျယ် လုပ်လာကြ တော့တာပါဘဲ။  88 နောက်ပိုင်း တိုင်းမှူး တွေ ဖြစ်တဲ့ ထွန်းကြည် ကျော်ဘ တို့ဆိုတာ တိုင်းမှူးဘဝတွေမှာကတည်းက  နံမည်ကြီး လာဒ်စားတဲ့ တိုင်းမှူးကြီး တွေပါ အဲဒီ အချိန်က တိုင်းမှူးတွေ အကုန်  ဝန်ကြီးလုပ်ဖို့ ရန်ကုန် မြို့တော်ကိုလာဖို့ခေါ်တာတောင် ဝန်ကြီး မလုပ်ချင်ကြဘဲ တိုင်းမှူးဘဝနဲ့ဘဲ နေချင် ကြလို့ ဂလန်နေကြတာ ကြားဖူးကြမှာပါ 

သန်းရွှေကြီးက ချော့မော့ပြီး ဝန်ကြီးလုပ်ခိုင်း သူတို့နေရာမှာ သူယုံကြည်ရတဲ့ တပည့်ရင်း တွေအစားထိုး သူ့မိန်းမ ကြိုင်ကြိုင်စီ ပိုကန်တော့နိုင်  ပိုဂါနိုင်သူ တွေ ငွေမျက်နှာနဲ့ နေရာတွေ အာဏာတွေ ရကြကတည်းက တပ်မတော် အရာရှိ တွေဟာ နေရာ ရလာရင် ငွေကိုပါ ရအောင် အသည်းအတန် ရှာကြရာက နေ တပ်မ တော်ကြီးဟာ နိုင်ငံတော် ကာကွယ်ဖို့ သူတို့အော်နေတဲ့  ဒို့တာဝန် အရေး သုံးပါ အတွက် မဟုတ်တော့ဘဲ ငါ့အတွက်  ငါ့မိသားစုအတွက်   ငါ့ဆွေမျိုး အတိုင်းအဝိုင်းအတွက်ဘဲ အလုပ်လုပ်ကြပြီး ငွေကို အဓိက ရှာတဲ့ အဖွဲ့အစည်းကြီး ဖြစ်မှန်း မသိ ဖြစ်ခဲ့ရတော့ တာပါဘဲကွာတဲ့ ဆိုးဆုံးက တပ်မှာ နေရာ ရာထူးရဖို့ အတွက် ငွေပေးပြီး ဝယ်ရတယ်ဆိုတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာပါ နေရာရတာနဲ့ တပ်အင်အား စာရင်း တွေကို လူမရှိဘဲ တပ်သားအင်အားတွေပိုပြ စာရင်းမှာ 5 သိန်းပြ ရှိတာ 2သိန်း ပိုပြထားတဲ့ စာရင်းက လူ တွေရဲ့ လစာ တွေ အထက်  အောက်  ပေါင်းပြီး ထုတ်ယူ ကြ ရက္ခါ တွေ ရောင်းစားကြ အစိုငွေတွေပါ ဘုန်း ကြတဲ့ တကယ့် ငွေရှာရမယ့်တွင်းကြီး တခုအဖြစ်  တပ်မတော် တပ်ပျက်ကြီးတခု အ ခြေအနေ ကိုရောက် သွား တော့ တာဲ့ ပါ ဘဲ နောက်စီးပွား ရေးသမား တွေနဲ့ ပေါင်း လုပ်ပိုင်ခွင့် တွေ အလွှဲသုံးစားလုပ်ကြပြီး ငွေ တွေဘဲရှာ ကြ အထက်ကို ဂါကြ ဂါ ကြေးနည်းသူက ကန်ထုတ်ခံ အဖယ်ခံ ရတဲ့  ကြေးစား တပ်မ တော်ကြီး ဖြစ်ခဲ့တာ 88 90 လောက်ကတည်းက ပါကွာတဲ့ ။        ။       ။        ။       ။       ။    ဒါ တွေကို ပြင်နိုင်ဖို့ဆိုရင် တပ်မတော်လုပ်ရမှာက   ။။  ။။ ။။  ။။။   ။။။    ။။။။

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...