(106) ---- Key player

 မြန်မာပြည်ရဲ့ အဓိက Key Player ဟာ ဘယ်သူလဲ ဆိုတာ  အများပြည်သူက သိထားပြီးကြပြီး တဇောက်ကန်း တဇွတ်ထိုး လက်နက်အားကိုး မိုက်ရိုင်းနေတဲ့ ကျွဲပါးစောင်းတီး အဖွဲ့ကသာ ပြည်သူ့ ဘဏ္ဍာငွေ ကို သုံးပြီး ကိုယ့်ပြည်သူရဲ့ အသံကို နားမထောင်တတ်ဘဲ ပြည်သူကို သတ်ဖြတ်ဖို့ဘဲ စဉ်းစားတတ်သူ တွေက မသိချင်ဟန်ဆောင် ရူးချင်ဟန်ဆောင် အရူးကွက်နင်း နေကြတာပါ

ခုရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ဖြူဖြူခွေး အဖြစ်အပျက်ကိုကြည့်ရင် ခွေးတသိုက်ရဲ့ အခိုင်းခံ အနုပညာရှင် တယောက် ခွေးလုံးလုံးဖြစ်သွားရတာ သက်သေပါဘဲ နိုင်ငံ‌တော် ရဲ့ Idol တယောက် ကို စော်ကားခဲ့လို့ သာဝ နောက်လိုက်သွားခဲ့ရတဲ့ အဖြစ်ပါဘဲ။ 

ဘာမဆို လုပ်ရဲတယ်ဆိုသူကြီးက ဒီရက်ပိုင်း အမ်းမြို့စစ်ဌာနချုပ် ကျသွားပြီးမှ ရခိုင့် အမျိုးသားနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တွေ လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းလာဖို့။ အခါ အမျိုးသား နေ့မှာ လည်း တိုင်းရင်းသား လက်နက်ကိုင် တွေကို စားပွဲဝိုင်းမှာ ငြိမ်းချမ်းရေး အဖြေရှာဖို့ ဖိတ်တာ ဘယ် အဖွဲ့အစည်းမှ မလာကြဘူး ပြောနေပြန်ပြီ

ခုလို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စစ်ရေး အသာစီး ရနေချိန် ကြောင်ချီးက အပျော့စွဲနဲ့ သွေးခွဲနေတာကို နှစ် 70 လုံးနီးပါး တော်လှန်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက အံတို နေပြီ သိနေကြပြီ ဖြစ်တော့ စစ်ကောင်စီကို အမြစ်ဖြတ် သုတ်တင်ကြဖို့ ဆုံးဖြတ်ထားကြပြီး တညီတညွတ်ထဲ တချိန်ထဲ တခါထဲ ဘက်ပေါင်းစုံ နေရာ ပေါင်းစုံတက်ညီလက်ညီ တိုက်လာရင် စကစ ဘယ်လို ဖြေရှင်းမှာလဲ  ဒီအတိုင်း မြို့ကြီးပြကြီး တွေလက်လွှတ်ရရင် ခုလို ဗုံး တွေဘဲကြဲ ပြီး တိုင်းပြည် တခုလုံ့းပျက်ဆီးအောင် လုပ်မှာလား ဒါမှ မဟုတ် အသိညဏ်သုံးပြီး နိုင်ငံတာ်ရဲ့ Key player ကြီးကို ထုတ်သုံးပြီး ခုတုန်းလုပ်မလား ရွေးရ တော့ပါမယ်

တခု ထူးခြားတာက ဘာမဆို လုပ်ရဲတယ် ဆိုတဲ့သူကြီးက တိုင်းရင်းသား လက်နက်ကိုင် တွေကိုငြိမ်းချမ်းရေး စားပွဲဝိုင်း ဖိတ်ခေါ် နေပေမယ့် နိုင်ငံနဲ့ ပြည်သူ့ ခေါင်းဆောင် နိုင်ငံတော်ရဲ့ အဓိက Key player ဖြစ်တဲ့ အမေစု ကို မျက်နှာချင််း မဆိုင်ရဲ စားပွဲဝိုင်း မှာ တွေ့စုံ  မဆွေးနွေးရဲတာ ဘာကြောင့်လဲ။    လက်ပန်းတောင်းတောင် နဲ့ ICJ မှာ အမေစုကို ထိုး ကျွေး ခဲ့သလို ခုလိုစစ်ရှုံး နေချိန်မှာ  အမေစုကိုထိုးကျွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အရင် ပေးတွေ့ဖို့ ထောင်က လွှတ်ပေးပြီး ဆွေးနွေးခိုင်း   ပြီးမှ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ လုပ်ရမှာကို  သာဝက မလုပ်ရဲတာ မရှိဘူး အော်‌နေ ပေမယ့် သူမလုပ်ရဲတာ အမေစု ကို မျက်နှာချင်း ဆိုင် မျက်လုံးချင်းဆုံ စကား မပြောရဲတာ တခုတော့ ရှိနေပြီ ဆိုတာ 

သေ  ချာ ‌နေ ပါ ကော က လား။            

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...