မြန်မာ့ပြည်ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခင်းအကျင်းက Do or Die ဆိုပြီး လူတိုင်းက သုံးသတ် နေကြတဲ့ အခြေ အနေတခုကို ရောက် နေပြီပေါ့
လက်ရှိအခြေအနေမှာ လားရှိုးတိုင်း စစ်ဌာန ချုပ်ကျသွားခဲ့ရပြီး ခုဆို ရခိုင်စစ်တိုင်းစစ်ဌာနချုပ်ပါကျ တော့မယ်ဆိုတာ စစ်ဘောမတွေတောင် လက်ခံနေကြပြီး စစ်ရှုံးကောင် တကောင်ဘဲ သူ့လက် အောက်ငယ်သားတွေက အမှန်ကို မတင်ပြကြဘဲ ဖင် ဘဲပြတာကို ကြည့်ကောင်းကောင်းနဲ့ ကြည့် နေလို့ ခုလိုကို့ရို့ ကားယားတွေဖြစ် နေတာပါ
ခုမှ အိပ်ယာက နိုးထလာတဲ့ သာဝက သူ့လက် အောက်ငယ်သားတွေကို ရာထူးတွေပြောင်းပြီး ဆေးမီးတိုနဲ့ ကုဖို့ကျိုးစား နေပြန်ပြီ သူ့ရဲ့ ရှေ့မှာ လုပ်ခဲ့တဲ့ လုပ်ကွက်တွေက ကျရှုံးခဲ့တာများ နေခဲ့ပြီဆိုတော့ စစ်ဘောမ တသိုက်ကလည်း အားမလို အားမရဖြစ်ပြီး ပေါက်ကွဲ နေကြပြီး မလုပ်တတ်ရင် လုပ်နိုင်တဲ့သူကို နေရာဖယ် ပေးဖို့အထိကို ပြောထွက်လာခဲ့ကြပါပြီ
အများ ပြည်သူလူထုနဲ့ EAO တွေကလည်း သာဝရဲ့ အရည်အချင်းကို သိနေကြလို့ စောက်ပေါကြီး ဘာမှ လုပ်နိုင်စွမ်း မရှိဘူးဆိုပြီး မချိပြုံး ပြုံးနေကြပြီပေါ့
ဘယ်လိုဘဲ စစ်သားသစ် အင်အားဖြည့်ဖြည့် သူ့စစ်သား တွေက အောင်စိတ်ကို မရှိကြတော့တာ စစ်ရှုံးကောင် မသိတာခက်တယ် မဲခိုးလို့ အာဏာထိမ်းတယ်ဆိုပြီး လုပ်တော့ လမ်းပေါ် ထွက်လာတဲ့ တနိုင်ငံလုံးက ပြည်သူ လူထု အရေအတွက်ကို စာမတတ် ပေမတတ်တွေ မသိကြတာ မတွက်တတ်ကြတာက ပြသာနာပါ ပြည်သူက ဘယ်ဖက်ကလည်း ဆိုတာ အောက်ခြေက တပ်မိသားစု တွေတောင် သိပြီး ည 8 နာရီ သံပုံးတီးသံ ကြားတိုင်း သွေးပျက် နေခဲ့ကြရတာပါ
ပြည်သူမပါတဲ့ ဘယ်စစ်မဆို မအောင်မြင်ဘူး ဆိုတာ ကာချုပ်ရာထူး ယူထားတဲ့ စစ်ခေါင်းဆောင် မသိတာ ညဏ်အတော်နည်းတယ်ပြောရမယ် ဘယ်နိုင်ငံမဆို ပြည်သူပါတဲ့ ဘက်က နိုင်တာချည်းဘဲ ပြည်သူက မပူးပေါင်းရင် ရန်သူ့ ရဲ့လှုပ်ရှားမှုသတင်းအမှန် မရတဲ့အပြင် သေတွင်းကိုပါ အပို့ခံရဖို့ များတယ် ဆိုတာ စစ်ရှုံးကောင် သိသင့်နေပါပြီ
စစ်ရှုံးကောင် လက်ထဲ မြဝတီ မြန်မာ့အသံ ဘောမ media တွေရှိလည်း social media ခေတ်မှာ ပြည်သူလူထုက မျက်စိပိုပွင့်ပြီး အမှားအမှန်ကို ခွဲခြားတတ် နေပြီဆိုတာ စစ်တပ် အသိုင်းအဝိုင်းက လူစု မသိကြတာခက်တယ်
စစ်သားသစ် အင်အား ဘယ်လောက်စုစု စစ်တပ်ဟာ နိုင်ငံတော် ဘတ်ချက် အများဆုံးသုံးခဲ့ ပေမယ့် ကိုယ့်အိတ်ထဲဘဲ ထည့်ခဲ့တာ များတဲ့အတွက် လက်နက်ငယ်တောင် ခေတ်နဲ့ အညီ မတပ်စဉ်ဘဲ MA စီးရီးက မတက် ခဲယမ်းလည်း အလုံအလောက် မရှိ လက်အောက် ငယ်သားတွေ ကလည်း ခိုးမယ်ဆိုတာချည်းဆို တော့ EAO တွေ PDF တွေက ခွေးတွေရဲ့အားနည်းချက်သိထားပြီး sniperတွေ drone တွေ အဆင့်မြင့် မောင်းပြန်တွေနဲ့ချည်း ကျွေးကြတော့ စစ်ခွေးတွေ ဝပ်ကျင်းထဲက ခေါင်းတောင် မဖော်နိုင်တာ ကျသွားတဲ့ စစ်ဌာနချုပ် တွေက သက်သေပြခဲ့တော့ စစ်ရှုံးကောင် ခုမှ နောင်တရပြီး မောင်းပြန် လက်နက်တွေ drone တွေ ဖြည့်ဖို့လုပ်နေလည်း အရမ်းနောက်ကျ နေပါပြီ
စစ်ရှုံးကောင် မြဝတီ မြန်မာ့အသံ ဘောမ မီဒီယာ တွေက ပြည်သူကို ဘာသာရေး အမျိုးသားရေး လူမျိုးရေး တွေ ဘယ်လိုဘဲ တိုက်တိုက် တိုင်းရင်းသားတွေနဲ့ PDF လူငယ် တွေကို ဘယ်လိုဘဲ သွေးခွဲခွဲ social media ခေတ်မှာ လူငယ် တွေက အမှားအမှန်သိကြပြီး အမှန်တရားဘက်က ရဲရဲရပ်ဖို့ ဝန်မလေးတာ ချီးကျူးစရာပါ
ဘယ် EAO ကဘဲ ဦးဆောင် ဦးဆောင် PDF တွေနဲ့ အများ ပြည်သူ လူထုက အာဏာသိမ်း စစ်ရှုံးကောင်စီနဲ့ စစ်ခွေး တသိုက်ကို အမြစ်ဖြတ်သုတ်သင်ဖို့ ဆုံးဖြတ်ထားပြီးသားပါ နောင်ခါလာ နှောင်ခါရှင်း ခုလောလောဆယ် စောက်ပု တသိုက်ကို ပြုတ်အောင်တိုက်ကြမှာအသေအချာပါ စောက်ပု ပြုတ်မှ နှောင်တက်လာမယ့်အဖွဲ့ အချိုးမပြေရင် နောက်တပွဲ ကိုပြည်သူ့အားနဲ့ နွှဲကြမယ် ဆိုတဲ့ အချိုးပါ
ဒီတော့ စစ်ရှုံးကောင်
Do Do မ Do Do
သာဝ Die မှ
ပွဲပြီးမှာ သေချာတယ်
No comments:
Post a Comment