(100) သေခါနီးတွေ လုပ်ခဲ့သမျှ ရှင်းခဲ့ပါ

 နမဖ လက်ထက်က အာဏာယူ လုပ်ခဲ့သမျှ ခုချိန်ထိ သက်ရှိထင်ရှားရှိနေ ကြသေးတဲ့ တိုင်းပြည်အပေါ်  ဒုက္ခ ပေါင်းစုံ  ပေးခဲ့ကြတဲ့ အရင်က အာဏာယူခဲ့သူတွေ ခုချိန်မှာ သေခါနီး တွေ ဖြစ်နေကြပြီပေါ့ ဘဝတပါး မပြောင်းခင် အမြင်မှန်တွေ ရကြပြီး တိုင်းပြည်ရဲ့ နှောင်ရေး မျိုးဆက်သစ်တွေ အနာဂတ် အတွက် သတိ လေးကပ် စိတ်ထားလေးတွေ ကောင်းကောင်း လေးထားကြ စေချင်ပါတယ်

ဥပမာ တခု အနေနဲ့  တောင်ကိုရီးယား သမ္မတ ချမ်ထူးဝမ် လာလည်တော့ မြောက်ကိုရီးယား က လုပ်ကြံသူတွေက ရန်ကုန်မြို့ရဲ့ မြေအောက်ရေနုတ်မြောင်းတွေကနေ မြို့ထဲရောက်လာကြတယ် ဆိုတာ အရှင်မိခဲ့တဲ့  မြောက်ကိုရီးယား လုပ်ကြံသူတွေကို စစ်ဆေး မေးမြန်း မှုအရသိခဲ့ကြရတယ်ပေါ့ ဒါဆို နှောင် ဒီလိုမဖြစ်ရအောင် နိုင်ငံတော် အဆင့် တွေ့ဆုံပွဲတွေအတွက်လုံခြုံရေး မလစ်ဟင်း ရအောင် ဒီမြေအောက် ရေ ဆိုးစံနစ်က လာလို့မရအောင် နှောင်မဖြစ် အောင် ဘယ်လို စစ်တပ် ရဲ တွေကို တာဝန်ချမလဲ မစဉ်းစားဘဲ  

 မြေအောက် ရေနုတ်မြောင်းစနစ်ကြီး တခုလုံးကို ပျက်ဆီး အောင်ဘယ်လို အတွေး အခေါ် ဘယ်လို ဦး နှောက်တွေနဲ့ စဉ်းစားပြီး ကွှန်ကရစ်တွေ လောင်းပြီးပိတ်ခဲ့ကြတယ် ဆိုတာ စဉ်းစားလို့ကို မရဘူး တာမွေ Ocean နားဆို ဂုံးကျော်တံတား ဆောက်ဖို့ Pile တူးတာ မြေအောက် ရေးဆိုး  မြောင်းတည့်တည့် တူးမိတာ ကို ဦး နှောက် မသုံးဘဲ မိုက်ခဲ့ကြတာ ခုတော့‌  ရေကြီးတာ နှစ်တိုင်းကြုံ နေရပြီပေါ့ ညဏ်သုံးပြီး မ ဖြေရှင်းနိုင်ရင်နှောင် ဆယ်စုနှစ်များစွာ ပြည်သူကို ဒုက္ခတွေ ဝေနေစေ အုန်းမှာမလွဲပါ (အကြံ တော့‌ပေးချင်ပါတယ် ခုမဟုတ်)

 ရန်ကုန်မြို့တင်မက မြန်မာပြည်က အဓိက မြို့ကြီးတွေကို အင်္ဂလိပ်က တည်ခဲ့တာ တကယ့် စံနစ်တကျ တွက်ချက် ပြီး ရေစီး ရေလာ ကောင်း အောင် မိလ္လာစနစ်တွေ အစဉ် ပြေအောင် သေ  ချာ တွက်ချက် တည်ဆောက်ခဲ့တာပါ လွတ်လပ်ရေးရပြီး မြန်မာတွေ လက်ထက်  ရန်ကုန် မြို့ကို ချဲ့ခဲ့ကြတဲ့ တောင်ဥက္ကလာ   မြောက်ဥက္ကလာ ဆိပြီးမြို့သစ်တွေ  တည် ပေးခဲ့ ပေမယ့်ရေနုတ်မြောင်း စံနစ်ကမရှိ မိလ္လာစနစ်က ဘယ်စီ နေမှန်းမသိ   မြေကွက်ရိုက် ကစွန်းခင်းထဲ သွားနေကြ ဆိုပြီးလုပ်ခဲ့ကြတာချဉ်းပါ။    ဒါကြောင့် အင်္ဂလိပ်တွေ တည်ထားလုပ်ထား ပေး ခဲ့တဲ့ ရန်ကုန် မြို့တော်ကြီးကို ပိုတိုးတက် အောင် မလုပ်နိုင်ကြရင်တောင် မဖျက်‌ဆီးကြဘဲ ထိန်းသိမ်းတဲ့ အနေနဲ့ မြေအောက် ရေဆိုး စံနစ်ကို ကွန်ကရစ်လောင်း ဖျက်ဆီး ခဲ့တဲ့အဲဒီအချိန်က တာဝန်ရှိသူ‌တွေ ခုချိန်ထိ သက်ရှိထင်ရှား ရှိနေကြသူတွေပါ အသက်တွေ မသေခင် ဘယ်နေရာမှာ  ကွန်ကရစ်တွေဘယ်လောက် အတိုင်းအတာ အထိလောင်းခဲ့ကြတယ် ဘယ်လို ပြန်ပြီးလုပ်သင့်တယ် ဆိုတာ စိတ်စေတနာ ကောင်း စိတ်ရင်း ကောင်းနဲ့ အသက် တွေ  မသေခင်  အမြင်မှန်ရ ပြီး လုပ်ပေးခဲ့ စေချင်ပါတယ်။

နောက်တခုက ခုနံမည်ကြီး နေတဲ့  မြောက်ပိုင်း အဖွဲ့ ကို ဘောမ မြှောက်ပေးခဲ့တဲ့ တချိန်က TV မင်းသားကြီး လမ်းလျှောက်ရင် တွန့်လိမ်တွန့်လိမ် နဲ့သွားတတ်တဲ့ ဖင်တွန့် သက်ရှိထင်ရှား ရှိနေ သေးပမယ့် တလောက TV ပေါ် ပြန် ထွက် လာပြီး ရူးချင်ဟန် ဆောင် နေတာ တွေ့ လိုက်ရတယ် ခု တော့သူလည်း ရူးသွားပြီထင်တယ် မရူးလည်း ဟိုပြောဒီပြာဆို ထောင်နန်းထပ်စံ ရမှာသိလို့နေမှာပေါ့

No comments:

(114) စာဖတ်သူကြီး အမှားလုပ်ခဲ့သမျှ

 မမှားသော ရှေ့နေ  မသေသော ဆေးသမား  ဆိုပြီး  မြန်မာစကားပုံ ရှိခဲ့တဲ့အတိုင်း ဘရွှေကြီး ဆိုတာ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ မိန်းခွန်း ပြောတယ်ဆိုတာ လ...