နိုင်ငံတကာမှာ ဒီမိုကရေစီ စံနစ်ကို စံနစ်ကျကျ မလုပ် , ဥပဒေတေွ မခိုင်မာ , စစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာတေွ အလွန် အကျွံ ပေးမိရင် လက်နက်အားကိုးနဲ့ အာဏာရှင် အဖြစ်ရောက်သွားပြီး တိုင်းသူ ပြည်သားတေွ ဆင်းရဲတွင်းနက်ကြရတော့ပါတယ် ,,,, အာဏာရှင်မိသားစု နဲ့ သူ့အသိုင်းအဝိုင်းကတော့ ထားစရာနေရာမရှိအောင် ချမ်းသာသွားကြတော့တာ ကမ္ဘာ မှာနိုင်ငံတေွအများကြီပါ ,,,,ဒါနဲ့ပါတ်သက်လို့ မြန်မာပြည်ကြံုခဲ့ရတဲ့အကြောင်း ဒီတခေါက် PAW PAW တို့ပြောဖြစ်ကြတာပေါ့ ,,,,,, ,,,,, ,,,,,,,,,, ,,,,,,,,,,,, ,,,,,,,,,,,,,,, ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းတာကို မှီ ခဲ့တဲ့ နိုင်ငံရေး သမားကြီး တယောက်ကစကားဝိုင်းမှာ မေးတာကတော့ ,,,, တို့နိုင်ငံ စစ်တပ်က အာ ဏာသိမ်းတာ ဘယ်နှစ်ခါ ရှိပြီလို့မင်းတို့ထင်သလဲ ငါကို တွက်ပြကြစမ်းကွာတဲ့ ,,,,, ၈၈ ကျောင်းသားတယောက်က ကျနော်တို့ တက္ကသိုလ် တက်တုန်းက ဦးနေဝင်းဆိုရှယ်လစ် အစိုးရ စီကနေ ဗိုလ်ချုပ်စောမောင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းတာတခါ ,,,,,,, ဗိုလ်နေဝင်းက ၆၂ မှာဒီမိုကရေစီ ဦးနု အစိုးရ စီက စစ်တပ်က အာဏာသိမ်းတာ တခါ စစ်တပ် အာဏာသိမ်းတာ နှစ်ခါရှိပြီလို့ပြောတာပေါ့ ,,,,,ဒီတော့နိုင်ငံရေးသမားကြီးက ဒီ ၂ ခု ဘာကွာသလဲ ဆိုပြီး ပြန်မေးတာပေါ့ ,,,,,ဘာကွာရ မလဲဗျာ လက်နက်အားကိုးနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြ တိုင်းပြည်ချောက်ထဲတွန်းချ ခဲ့ကြတာ အတူတူပဲ ,,,, ဘာကွာရမလဲဗျာဆို စိတ်မရှည် တဲ့လေ သံနဲ့ ပြန်ပက်ကြတာပေါ့ ,,,, မင်းတို့ကလည်းစိတ်ချည်းဘဲ ,,,,,, ငါရှင်းပြမယ် ,,,,, ၁၉၆၂ နှစ်မှာ အစိုးရစီက စစ်တပ်က အာဏာသိမ်းတော့ သမ္မတ အိမ်တော်က ပြန်ခုခံ ပစ်ကြ ခတ်ကြ ဖမ်းကြ ဆီးကြနဲ့ ဝန်ကြီးချုပ်တေွ ဝန်ကြီးအဖွဲ့တေွ သမ္မတ တေွ အကုန် ထောင်နန်းစံ ကြရတာ မင်းတို့သိကြမှာ မဟုတ်ပါဘူကွာ ,,,, ဒါမှတကယ့် အာဏာသိမ်းတာ အစစ်ကွ ,,,, မင်းတို့ကြံုခဲ့ သိခဲ့ ရတဲ့ အာဏာ သိမ်းခံရတာကြီးက အင်ကြီးဟေ့ အင်ကြီးဟ ဆိုပဲ ,,,,, မင်းတို့စဥ်းစားကြည့်လေ ၈၈ မှာ အာဏာသိမ်းတာ ဆိုရှယ်လစ်အစိုးရစီက အာဏာသိမ်းတယ်ဆို ,,,, အစိုးရ စစ်တပ်စီကနေအာဏာလုဖို့ ပစ်ကြ ခတ်ကြ ဖမ်းကြ ဆီးကြပါလား ,,,, ခုတော့ပစ််ခံရတာက ပြည်သူ ,,,,,ဖမ်းခံရတာက ကျောင်းသား ,,,,, ဆီးခံရတာက သပိတ်စခန်းတေွ ,,,, အာ ဏာသိမ်းခံရတဲ့ ဥနေဝင်းနဲ့ အဲဒီအချိန်က ဝန်ကြီးအဖွဲ့ တေွ သမ္မတ တေွ အဖမ်းလည်းမခံရ ,,,,ထောင်နန်းလည်းမစံရ အေးရာ အေးကြောင်း ,,,,,ဇိမ်ခံအိမ်ကြီးတေွမှာ သက်တမ်းစေ့ နေသွားကြတဲ့ အင် အာဏာသိမ်းတာဟေ့ ,,,,,,အယောင် ဆောင် အာဏာသိမ်းတာဟေ့ဆိုပဲ ,,,, ပြည်သူကို နားလှည့် ပါးရိုက် ပြီးအာဏာသိမ်းတာ မဟုတ်ပဲ သေွးထွက်သံယိုမရှိ အောင်မြင်စွာအာဏာလွဲတာပေါ့ ကွာတဲ့,,,,ဒါဆို စစ်ကျွန်ဘဝ က ၁၉၆၂ က နေ ၂၀၁၅ အထိ ဆို နေအုန်းဘယ်နှနှစ်တောင်လဲ ,,,, ,,,,,,, ၅၃ ,,,,၅၃ ,,,နှစ်ဟေ့ ,,,,၅၃ နှစ်တဲ့ ,,,ဒါတောင် ဘပြောင် အုပ်ချုပ်တာကိုပါ မင်းတို့ ထည့်ပေါင်းချင်သေးတယ် ဆိုရင် အပိုထည့်ပေါင်းလိုက်ကြဟေ့ တဲ့ ,,,, ,,,,,, ,,,,,,,, နောက် ထပ် အပို စောင်းချင် နေသေးရင်တော့ ,,,,, နာဂစ် ဥ ကြီး ပါ စွဲထည့် လိုက် နှောင် ဘယ်နှနှစ်ထိ နားလှည့် ပါးရိုက် လှည့်စားနေ အုန်းမယ်မသိ ,,,,,, ,,,,,, ,,,,,,,, ,,,,,,,,,,, ,,,,,,,,,,,,,,,,
Subscribe to:
Post Comments (Atom)
(86) ဒုတိယ ဗိုလ်ချုပ်ရူးကြီး
ဗိုလ်ချုပ်ရူးကြီးက တွဲဘောထည့်ထားတဲ့ ဒု အရူးကြီးကတော့အ ခြေအနေမကောင်းပါဘူး မြဝတီကို အသိမ်းမခံရဖို့ မော်လမြိုင်မှာ အထိုင်ချ ကွပ်ကဲမယ်လုပ်တာ ပ...
-
အစား အစာနဲ့ ကျန်းမာရေး...ဘယ်လောက်ဆက်စပ်နေ သလဲဆိုတော့ .......မြန်မာပြည်ကြီးမှာ လူတေွ အသက် အရွယ် ငယ်ငယ်လေးတေွနဲ့ နေ့မြင် ညပျောက် အသံတေွပိုပို...
-
စာစောင်အဟောင်းလေး ပျင်းပျင်းနဲ. ဖတ်မိတာက.....12 july 2012 ရက်နေ့ထုတ် venus news ရဲ့ ကလောင်ရှင်.... ခင်နှင်းကြည်သာရဲ့ ဆောင်းပါး တပုဒ်ပေါ့.....
-
မောင်စူးစမ်း ရဲ့ စာအုပ်ကလေးဖတ်မိတော့ ......စီပွားရေးဗဟုသုတတေွွ အတော်ရသား......စီးပွားရေးတေွ ၊ ကြီးပွားရေးတေွက ကိုယ္်မသိတာအတော်များသားနော်...
-
ပညာရေးဆိုတာ တိုင်းပြည်အတွက် ၊ ပြည်သူလူူထု တရပ်လံုးအတွက် ၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလံုးအတွက်....... လူမှု ဆက်ဆံရေး၊ လူကျင့်ဝတ် ၊ တေွးခေါ်မှု ...
-
မြန်မာပြည်ကြီးရဲ့ နိုင်ငံရေးကတော့...အရှေ့တောင်အာရှမှာတင်မက ..... နိုင်ငံတကာကပါ စောင့်ကြည့်ခံနေရပြီး...ဟာသလုပ်ခံရတာကတော့....ဘောလံုးနည်းပြ ဂု...
-
ကျောင်းဆရာ လူထွက်...ဘုန်းကြီး လူထွက်......စစ်ဗိုလ် လူ ထွက်.....ဒီဆရာကြီး သံုးလူထွက်.....လူ့ပတ်၀န်းကျင်နဲ့ အစီးမကပ် အစဥ်မပြေဘူး.....ဆိုတာ ...
-
STABLE FOOD တေွစျေးတက်တော့ ......အခြေခံ လူတန်းစားတေွ နလံမထူနိုင်ဖြစ်ကြရတာပေါ့ .....လူတေွနေ.စဥ်စား သံုးနေတဲ့ ဆန် ၊ ဆီ ၊ ဆား နဲ. သား ၊ ငါ...
-
မြန်မာပြည်ကြီး..အင်္ဂလိပ်လက်အောက် ရာစုနှစ် တစ်ခုလောက်ကျွန်ပြု ခံရပြီး...ဗိုလ်ချုပ်အောင်ဆန်း တို့လက်ထက် သခင်ကိုယ် တော်မှိုင်းဦးဆောင်ပြီး လွ...
-
june 29 , 2012 နေ့ မြန်မာကျပ်ငေွ နဲ့ အမေရိကန် ဒေါ်လာကို အခြေခံ နိုင်းယှဥ်တဲ့ တန်ဘိုးတေွ ကတော့.... စီးပွားရေးသမားတေွ ၊ ခရိုနီတေွ ၊ EXPORT သ...
-
သတ္တဝါတေွထဲမှာ လူဆိုတာ.......အတေွးအခေါ်အမြင့်ဆုံး စဥ်းစားတေွးခေါ်ညဏ် အရှိဆံုး...တီထွင်နိုင်စွမ်းအလုပ်နိုင်ဆံုး...... ဖန်တီးနိုင်စွမ်းအကောင...
No comments:
Post a Comment