စာပေလွတ်လပ်ခွင့်တွေရလာတော့.......စာစောင်တွေ၊သတင်းစာတွေ၊မဂ္ဂင်းတွေ၊ စာအုပ်တွေ .......ပိုထုတ် နိုင်လာကြတာပေါ့........ဈေးကွက် လိုအပ်ချက်ကို ကျော်လွန်နေလို့လား........၊ စာအုပ်ဈေးတွေကို ပြည်သူ အများစုက လိုက်မမှီကြတာလား........SOCIAL MEDIA ကပဲ PRESS MEDIA ကိုလွမ်းမိုး သွားတာလား ......ဆိုတာနဲ့ပတ်သက်ပြီး.......PAW PAW တို့ဝိုင်းဖွဲ့ကြတာပေါ့ ........စာစောင်တွေ ကို ......မလွတ်တမ်း ဖတ်နေတဲ့ ဘော်ဒါကြီးက. .....ခုစာစောင်တွေမှာ ရေးနေကြတာပဲ......ခုခေတ်လူငယ်တွေ စာဖတ် နည်း လာကြတယ်...... .ဂိမ်းတွေ ပဲဆော့ကြတော့တယ်.......ဆိုတာလည်း မှန်သင့် သလောက် မှန်ပါ တယ် ....... ဒါတွေထိန်းဖို့ မိဘတွေကသား ၊ သမီးတွေကို.... စည်းကမ်း နဲ့ အချိန်ပိုင်းလောက်ပဲ ပေးလုပ်သင့် တာပေါ့တဲ့ ........ဂိမ်းတွေကို ထမင်းမေ့ ၊ ဟင်းမေ့ ...... ဆီးချု ပ် ၊ ၀မ်းချု ပ် အထိ ကစားတဲ့...... သူ့အမျိုး ထဲက တစ်ယောက်ဆို ...... .စာတော်ပေမယ့် ဂိမ်းကစား များတော့......ကိုယ်လက်လှုပ်ရှားမှု မရှိ....... .အထိုင် များလို့လား မသိ ....... အသက် ၂၅ ၊ ၃၀ အရွယ် နဲ့ ကျောက်ကပ်ပျက်ဆီး..... ငွေကုန်၊ ကြေးကျ များ ပြီး နောက်ဆုံး အသက်ပါ ဆုံးရှုံး ခဲ့ရတယ်ဆိုပဲ..................................................................... ............... ..................F B ကို အမြဲဖွနေတဲ့ ဘော်ဒါကြီးကတော့.......လူငယ်တွေ စာဖတ်နည်းလာတယ်ဆိုတာ သူ ကတော့ လက်မခံဘူးတဲ့ .......ခု ဆိုရှယ် မီဒီယာ တွေပေါ်လာတော့......လူငယ်တွေ စာတောင်ကိုပို ဖတ် ဖြစ် လာကြတယ်ဆိုပဲ......မင်းတို့ ၊ ငါတို့ ငယ်ငယ် ကလည်း စာဖတ်ကြလို့လား......အရွယ် လေး နည်းနည်း ရလာတော့ ၀တ္ထု စာအုပ်တွေ ကနေ စပြီး စာဖတ်တတ်လာ ကြပြီး.....တဖြည်းဖြည်း စာဖတ်သက် ရင့် လာတော့ ....သူ့ဘာသာသူ အသိပညာရမယ့် စာတွေ၊ဗဟုသုတ ၇မယ့်စာတွေ၊ကိုယ်ကျိုးရှိမယ့်စာတွေ ကိုေ၇ွးဖတ် လာကြတာ ပဲမဟုတ် လား.......ဥပမာကွာ......မင်းတို့၊ငါတို့. ၄၀ ကျော် ၅၀ တန်းတွေ မ ဆ လ ၊ န ၀ တ ၊ ငြမ်၊ပိ လက်ထက် စာပေလွတ်လပ်ခွင့် လုံးဝ မရှိတဲ့ သတင်းစာတွေ လက်အောက်မှာ ကြီးလာ ကြတာ ......စာဖတ်များလာတော့ ဘယ်ဟာလိမ်တယ် ....... ဘယ်ဟာ သတင်းမှန်တယ်......ဘယ်ဟာ ရိုက် သွင်း နေတယ်......ဆိုတာ သိကြပြီး....သတင်းစာဖတ်ရင်တောင် နာရေးက စဖတ်တာ စာဖတ်သက် ရင့်ကြ လို့ပေါ့ကွာတဲ့..........နောက်....ည ဂ နာရီ သတင်းဆို T V တွေပိတ်.......B B C/ V O A/ R F Aတွေ ပဲ နားထောင်ကြတာ ........ပြည်သူတွေ ရွေးချ ယ်တတ်မှု ၊ အမှား ၊ အမှန် ခွဲခြား နိုင်မှုတွေ ပေါ့တဲ့...... ခု ပွတ် ဘုတ်တွေ ပေါ်လာတာ ကောင်းတာပေါ့ ....... လက်တစ် ကမ်းမှာ စာတွေဖတ်လို့ ရနေပြီ ..... သတင်းတွေ အချိန်နဲ့ တစ်ပြေးညီ သိခွင့် ရနေကြပြီ........F B မှာ အစပိုင်းတော့ မဟုတ် ၊ မခံ....... ဆဲကြ ၊ ဆိုကြ ၊ ငြင်းကြ ၊ လုပ်ကြမှာပဲ.....ကြာလာရင် စာဖတ် သက်ရင့် လာ၊ ဘယ်သတင်း အမှန်၊ဘယ်သူက အာဏာရပါတီ ၊ ဘယ်ကောင်က အတိုက်အခံဘက်ကလည်း၊ ဘယ်သူကတော့ငဖား ၊ ဘယ်ကောင်ကတော့ ခိုင်းဖတ်၊ ဘယ် သူက လော်ဘီကောင်၊ဘယ်ကောင်ကတော့ ကြောက်ပေါကြီး ဆိုတာ ပြည်သူကေ၇ွး ချယ် ကြပြီး ....... ဘယ်ဟာက ကောင်းတယ် ၊ ဘယ်ဟာက ဆိုးတယ်......... ခွဲခြား တတ်လာ၊ စာဖတ်သက်ရင့်လာ ရင် သူဘာသာ ရွေးချယ်တတ်လာပြီး......ကိုယ်မဖတ်ချင်တာကို ကျော်သွားလိမ့်မယ်......အချိန်တစ်ခုရောက် လာ၇င်.........အကောင်း ဖက်ရောက် လာလိမ့် မယ်ဆိုပဲ ........တာဝန်ရှိသူတွေကသာ ဒီ F B ကို အသုံးချ ပြီး......လူငယ်တွေ လမ်း မှန်ရောက်အောင် တွန်း အားပေးရမယ်.......PRESS MEDIA တွေက လည်း ဒီအဆင့်မြင့် နည်းပညာတွေကို အသုံးချ ပြီး...... .၀င်ငွေတွေ ရှာနိုင်အောင် ၊ ကိုယ့်စာတွေ ၊ သတင်းတွေကို wed site မှာ တင်....... ၀င် ကြည့် ချ င်ရင် ဘယ်လို ငွေချေ ရမယ် ဆိုတာတွေ လုပ်ဖို့လုံးပမ်းသင့်ပြီ...... ........ ........ .............................................. ....................................ကျောင်းဆရာ ဘော်ဒါ ကြီးကတော့ ..... .ကျောင်းစာတွေ မှာလည်း တကယ့် လက်တွေ့ ဘ၀မှာ...... အသုံးတည့်တာတွေ ပြဌာန်းပေးနိုင် ၊ သင်ပေး နိုင် ရင်ကောင်းမယ်ဆိုပဲ......ဥပမာ ကွာ .....ခု ....၈ တန်း သင်္ချာမှာ...... တရုတ် ပေသီး ကို ပြန်သင်နေတယ် ...... ဒါလက်တွေ့မှာ ပေသီးက ပြတိုက်ပို့ရတော့မှာ...ဗဟုသုတ အနေနဲ့ မြင်ဘူး ရအောင် ၊ မအ ရအောင် ကိုင်ကြည့်လို့ ရအောင် ပြထားပေးရင် တော်သေး..........ခုတော့ ဒို့နိုင်ငံက.....ပြဌာန်းစာအုပ်ထဲ ထည့် ထား တယ် ဆိုတော့ လွဲနေပြီကွ ဆိုပဲ.........နောက် ဒို့ငယ်ငယ်က ၉ တန်း.......သင်္ချာ( ၂ )မှာ မနီ၊ မနီထထ ....ထထ နီမ၊နီမ ဆိုပြီးသင်ခဲ့ ရတာ ......ဒီ (၉)တန်း၊(၁၀)တန်း မှာစာမေးပွဲ အတွက် ပဲအသုံးတဲ့ခဲ့ပြီး ...... ခုလက်တွေ့ဘ၀ အသက် ၄၅၊၅၀ ရှိပြီ ..လူ့ဘ၀အတွက် ဘယ်နေရာမှ.......မနီလည်း မထ ၊ နီမလည်းမထ ပါဘူးကွာ ......ထတာတော့ တစ်ခု ပဲရှိ တယ်တဲ့.............ဒီတော့ ခု.....ပေသီးတွေ .....မနီတွေ သင်မယ့် အတူတူ.....ပွတ်ဘုတ်ကို ဘယ်လို ကျွမ်းကျ င်အောင် သုံးရမယ် ၊ page တွေ ၊ blogger တွေ ၊ wed တွေ သုံးပြီး ဘယ်လို ငွေရှာနိုင်တယ်........ဒီအဆင့်မြင့် နည်းပညာတွေ ကိုယ့်နိုင်ငံ နောက်ကျ ကျန်မနေရအောင် နောက်မျိုးဆက်တွေဘယ်လို ကျိုးစားရမယ် ဆိုတာလက်တွေ့မှာ သင်ပေး ၊ ပြဌာန်းပေးနိုင်ရင် ပိုမကောင်းဘူးလား တဲ့.....
Subscribe to:
Post Comments (Atom)
(117)ဒီမိုကရေစီနိုင်ငံတိုင်း ဒါကို * * * လုပ်ကြရတယ်
ဒီမိုကရေစီ အပြည့်အဝ ရနေပါတယ်ဆိုတဲ့ မေရိကန်ဘဲ ဖြစ်ဖြစ် EU နိုင်ငံ တွေဘဲဖြစ် ဖြစ် စီးပွား ရေး ကောင်းတဲ့ ဂျပန် ကိုရီးယား နိုင်ငံ တွေဘဲဖြစ်ဖြစ်...
-
အစား အစာနဲ့ ကျန်းမာရေး...ဘယ်လောက်ဆက်စပ်နေ သလဲဆိုတော့ မြန်မာပြည်ကြီးမှာ လူ တွ အသက် အရွယ် ငယ်ငယ်လေးတွေ နဲ့ နေ့မြင် ညပျောက် အသံတွေ ပိုပ...
-
စာစောင်အဟောင်းလေး ပျင်းပျင်းနဲ. ဖတ်မိတာက..... 12 july 2012 ရက်နေ့ထုတ် venus news စာစောင်ရဲ့ ကလောင်ရှင်.... ခင်နှင်းကြည်သာရဲ့ ဆောင်းပါး တ...
-
မောင်စူးစမ်း ရဲ့ စာအုပ်ကလေးဖတ်မိတော့ ......စီပွားရေးဗဟုသုတ တွေ အတော်ရသား......စီးပွားရေး တွေ ၊ ကြီးပွားရေး တွေ က ကိုယ်မ သိတာအတော်...
-
ပညာရေးဆိုတာ တိုင်းပြည်အတွက် ၊ ပြည်သူလူထု တရပ်လုံး အတွက် ၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအတွက်....... လူမှု ဆက်ဆံရေး၊ လူကျင့်ဝတ် ၊ တွေး ခေါ်မှ...
-
ကျောင်းဆရာ လူထွက်...ဘုန်းကြီး လူထွက်......စစ်ဗိုလ် လူ ထွက်.....ဒီဆရာကြီး သံုးလူထွက်.....လူ့ပတ်၀န်းကျင်နဲ့ အစီးမကပ် အစဥ်မပြေဘူး.....ဆိုတာ ...
-
မြန်မာပြည်ကြီးရဲ့ နိုင်ငံရေးကတော့...အရှေ့တောင်အာရှမှာတင်မက ..... နိုင်ငံတကာကပါ စောင့်ကြည့်ခံနေရပြီး...ဟာသလုပ်ခံရတာကတော့....ဘောလံုးနည်းပြ ဂု...
-
STABLE FOOD တေွစျေးတက်တော့ ......အခြေခံ လူတန်းစားတေွ နလံမထူနိုင်ဖြစ်ကြရတာပေါ့ .....လူတေွနေ.စဥ်စား သံုးနေတဲ့ ဆန် ၊ ဆီ ၊ ဆား နဲ. သား ၊ ငါ...
-
မြန်မာပြည်ကြီး..အင်္ဂလိပ်လက်အောက် ရာစုနှစ် တစ်ခုလောက်ကျွန်ပြု ခံရပြီး...ဗိုလ်ချုပ်အောင်ဆန်း တို့လက်ထက် သခင်ကိုယ် တော်မှိုင်းဦးဆောင်ပြီး လွ...
-
june 29 , 2012 နေ့ မြန်မာကျပ်ငေွ နဲ့ အမေရိကန် ဒေါ်လာကို အခြေခံ နိုင်းယှဥ်တဲ့ တန်ဘိုးတေွ ကတော့.... စီးပွားရေးသမားတေွ ၊ ခရိုနီတေွ ၊ EXPORT သ...
-
သတ္တဝါတွေထဲမှာ လူဆိုတာ.......အတွေး အခေါ်အမြင့်ဆုံး စဥ်းစားညဏ် အရှိဆုံး .တီထွင်နိုင်စွမ်းအလုပ်နိုင်ဆုံး ဖန်တီးနိုင်စွမ်းအကောင်း ဆုံးပေါ့...
No comments:
Post a Comment