(21)...........ဒီ စီမံခန့်ခွဲမှု၊ ဒီ ၀န်ထမ်း ၊ ဒီ သောက်ချိုးတေွ နဲ.


  • စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီး ကတော့..... မိုးလေး သဲသဲ မဲမဲ ရွာလိုက်တာနဲ.မြောင်းတေွကပိတ် ....... ရေဆိုးတေွကလမ်းတေွ ပေါ်ရောက်......ရေတေွနဲ့ အတူ အမိှုက်တေွ ရေသန့်ဘူးခွံတေွကလမ်းမပေါ်ပြန့်......ဟို နိုင်ငံက ကယ်ပါ , ဒီ နိုင်ငံက ထောက်ပံ့ကြပါတေွ .... အော်နေ .....တောင်းနေတာတေွ မြင်ရ ၊ ကြားရတာတေွ များလာတော့.....သနားတောင် သနားလာ သလိုလို .....ခံ စားရတာပေါ့နော်......စီးပွားရေး ပိတ်ဆို.ခံရတာတေွ...... နိုင်ငံ တကာရဲ့ ချေးငေွ တေွယူပြီး အကြေွး ထူနေတာတေွ ...... ရင်းနှီးမြုပ်နှံမှုတေွ , နည်းပညာတေွ လိုအပ်နေတဲ့အတွက် နိုင်ငံတကာက ......လာပါ ၊ ကယ်ပါ ၊ လုပ်ကြပါ အော်နေ ၊  တောင်းနေတာတော့..... ကြားလို.ကောင်းပါတယ်...... ဒီရေမြောင်းလေးပိတ်တာ ၊ မိုးတွင်းမှာလမ်းတေွပေါက်လို့ ဖာတာ ၊ ခင်းတာလောက်တော့ ......မလုပ်တတ် ၊ မကိုင်တတ် လို.ပါ ဆိုပြီး လာပါ ၊ ကယ်ပါ  ကူကြပါ အော်နေတာတော့ နည်းနည်းလေးများ များသွားပြီလားလို့ ....လုပ်နေသူတေွ ရှက်တတ်ကြပါ အမျိုးသားထု တခုလံုးနဲ့ နိုင်ငံတော်ကြီးပါ သိက္ခာကျသလားလို....ဒီအကြောင်းတေွနဲ. ပါတ်သက်လို့  PAW PAW တို. ပြောဖြစ်ကြတာက ဂလို...... ....... ......... ......... .......... ............... ဘော်ဒါတစ်ယောက်က စည်ပင်က ရေမြောင်းတေွ  တော့ ဖော်ကြ ဆယ်ကြပါတယ်.......ဒါပေမယ့် စီမံခန့်ခွဲ တဲ့သူတေွပဲ ညံ့လို့လား .... မလုပ်တတ်ကြတာလား .... ပြောင်အောင် ရှင်းရင် နောင်လုပ်စရာလုပ်ကွက် မရှိတော့ရင်... လုပ်ငန်းမပြနိုင် ငေွမရွှင်ကြတော့မှာ ဆိုးလို.လား ......မသိပါဘူးတဲ့  မြောင်းတေွ ဖေ်ာပြီး ထွက်လာတဲ့ အမိှုက်တေွ ၊ သဲတေွကို..... မြောင်းဘေးမှာပဲ ဒီအတိုင်း ပံုထား ..... မိုးလဲရွာကော အဲဒီ အမှိုက်တေွ သဲတေွက မြောင်းထဲပြန်ကျရော ,,, စစ်အစိုးရ လက်ထက် နှစ် ၅၀ လောက် အကြာကြီး ဒီအတိုင်းပဲ ချီတက်ခဲ့တာ ခုချိန်ထိပါပဲတဲ့ ...... မုန့်လံုး စက္ကူ ကပ် ဇာတ်လမ်းနဲ့ သံသရာကို လည်နေတော့ တာပဲဆိုပဲ ..... တစ်ခါထဲ ဖော်ပြီး ကားပေါ်တန်းတင် အပြောင် ရှင်းတော့ သန့်ရှင်းသွားမှာဆိုးလို.ထင်တယ်တဲ့... .... ..... ....... နောက်ရန်ကုန်မြို.ကြီးက....  မြို့နယ်တိုင်းလိုလိုမှာ......ရေဆိုး ထုတ်တဲ့ မြောင်းကြီး တေွ ..... ဟိုးအရင်အင်္ဂလိပ်လက်ထက် ကတည်းက ရှိနေခဲ့တာတဲ့...ဒီမြောင်းကြီးတေွဆို ရေစီးကောင်းအောင် V ရှိတ် လုပ်ထားတော့ မိုးရွာရင်  ရေစီးအားကောင်းတော့ မြောင်းပိတ်ပြီးဆယ်ရတယ်ဆိုတာ မရှိတော့ ရေရှည် အတွက်ကုန်ကျစရိတ်မရှိတော့ဘူးပေါ့တဲ့ ,,,, သူတို့က မြောင်းတူးကတည်းက ဘက်ဟိုး ကော်တဲ့ ဂေါ်ကို V ရှိတ်ပံု လုပ်ပြီးမြေကြီးတေွကော်,,, ပြီးမှ ဂဝံ တံုးကြီးတေွ ကိုကွန် ကရစ်နဲ့ မံထားရံု လုပ်ထားပေမယ့် နှစ် ၆၀ , ၇၀ တောင် တချို့မြောင်းတေွ အကောင်းအတိုင်း ရှိနေသေးတာ နည်းပညာကြောင့်ထင်တယ်တဲ့  ,,,,,နှစ် ( ၅၀ ) လောက် အုပ်ချုပ်ခဲ့ သူတေွ လက်ထက္် ......ရှိပြီးသားမြောင်းတေွကို ပိုပြီးရေစီးကောင်းအောင်  ပြုပြင် မွန်းမံ မှုတောင်မလုပ်ခဲ့တဲ့ အပြင် ....ရှိပြီးသားတေွကို...ပိုတောင်ဖျက်စီးပြစ်ခဲ့ ကြတော့......ပိုတောင်ဆုတ်ယုတ် သွားခဲ့တယ်တဲ့........ ......... .............. ............. ............. .............      နောက်ဘေ်ာဒါ တစ်ယောက်ကလည်း လမ်းတေွဖာ တာကို မင်းတို. ကြည့်ပါလားတဲ့....လမ်းပေါက် တေွကို သဲတေွ ၊ ရေတေွ စင်အောင် မလုပ်ပဲ .... အလွယ်ပဲ ကတ္တရာလေး နဲ. ဖံုးလိုက် ၊ ညှိလိုက် ပြီး ......လမ်းကြိတ် စက် နဲ. ကြိတ်လိုက် ပြီးပြီ ....  ဒီလိုပဲ ဆယ်စုနှစ် ၅ခု ၆ခု လုပ်လာကြတယ်... ဘယ်လိုလုပ် ကောင်းနိုင်မလဲတဲ့....ရေတေွ ၊ သဲတေွရှိနေမှတော့  ကတ္တရာဘယ်လို ကပ်မလဲ,စွဲမလဲ...ဒါကို ကလေး တောင်သိတယ် .....လုပ်နေသူတေွ စီမံခန့်ခွဲသူတေွ မသိတာခက်တယ်တဲ့ ...သူများ နိုင်ငံတေွ လမ်းပေါက်ဖာရင်  BROWER  နဲ. မှုတ် ၊ သဲစုတ်စက်တေွ နဲ.စုတ်.....လုပ်ကြတာတဲ့.......ဒီမှာ တော့ တာ၀န်ရှိ သူတေွ ဒီလို လုပ်ရမှာ မသိကြတာလား...... နိုင်ကံတကာ အတေွ့အကြံု မရှိကြတာလား .Online သံုး မလေ့လာတတ်ကြတာလား ....... ကောင်းအောင် လုပ်ရင် နောင်လုပ်စရာ မရှိတော့မှာ   ကြောက်လို့လား ...... ခွင်ဖန်ကြတာလား..နိုင်ငံတော်ဘဏ္ဏာဖြုန်းတီးနေကြ တာလားမသိပါဘူးတဲ့ ......ဒီလို လုပ်ပေါက်တေွ ကို  ဗိုလ်ချုပ်သာ ရှိလို.ကတော့ ....လုပ်နေတဲ့ကောင်တေွ အကုန်နားရင်းအတီးခံရလောက်တယ်တဲ့........နောက် နိုင်ငံခြားသားတေွ   တေွ.လို.ကတော့ ...... ခေါင်းလေးတခါခါ...... လုပ်ပြီး  နိုင်ငံနဲ. လူမျိုးကိုပါ အထင် အမြင်သေးလောက်တယ်တယ်ဆိုပဲ ............ ............ ............... ................. .............. နောက် အင်္ဂလိပ် လက်ထက်မှာ လုပ်ခဲ့တဲ့ မြေအောက်မြောင်းကြီးတေွဆိုလည်း ပြုပြင်ထိန်းသိမ်းတာတေွ လုပ်တယ်ဆိုတာ  ခေတ်အဆက်ဆက်တခါမှမကြားမိဘူး,,,,,   NLD လက်ထက် ရှမ်းလမ်း (ဗဟိုလမ်း) စမ်းချောင်း မှာ ပေ ၅၀၀ လောက်ရှင်းတာ ကားအစီး ၃၀ ကျော်အမှိုက်တေွထွက်လာတယ်ဆိုတော့ တမြို့လံုး ဆိုဘယ် လောက်တောင်ပိတ်နေမလဲတဲ့ ,,,,,ဒါ့အပြင် ကိုရီးယားတေွ  အာဇာနည်ကုန်း ဗံုးခွဲတော့ ဒီမြေအောက် မြောင်းတေွကနေ မြို့ထဲအထိအရောက် လာနိုင်လို့ လံုခြံုရေးအရ ပင်လယ်ဘက် ထွက်တဲ့အပေါက်တေွ ကို ညဏ်ကြီးရှင်တေွက ကွန်က ရစ်လောင်းပိတ်ပြစ် လိုက်ကြတယ်ဆိုပဲ ,,,,,,, ဒါကြောင့်ထင်ပါ့ ရန်ကုန်မြို့တော်ကြီး မိုးရွာရင် ရေဆိုးမြို့တော်ဖြစ်နေရတာ ,,,,,, ဒါတေွကို ပြန်ဖောက်နိုင်ဖို့ ဘယ်နေရာမှာ ဘယ်လိုပိတ်ထား တယ်ဆိုတာလုပ်ခဲ့သူတေွ အသက်ရှိနေတုန်း ချော့မော့မေးပြီး မြို့တော်ကြီးနောင်ရေး အတွက်စဥ်းစားလုပ်သင့်တယ် ......... ......... ......... ........ ........ ......TAXI ထောင်ထားတဲ့ ဘေ်ာဒါကြီးကတော့. ခု NLD လက်ထက်လည်း လုပ်ငန်းကားတေွလိုင်စင် လုပ်တော့ ကားလိုင်စင်ဝင်တာက တနေရာ ,,,, လုပ် ငန်းလိုင်စင်လုပ်တာက တနေရာ ,,,,,, ဘေးစည်းအတွက်လုပ်တာက တနေရာ တရက်နဲ့လည်း မပြီး ONLINE ခေတ်မှာ ဝန်ကြီးဌာနတေွချိတ်ဆက်မှုတေွ ကလည်းမရှိ,,,, လုပ်ချင်တာတေွကလည်းများ ဒီမိုခေတ်မှာလူတေွ အားနေတဲ့သူတယောက်မှမရှိတော့ ,,,,အာလံုး ရုန်းကန်နေကြရ တာပါတဲ့ ,,, ဒါလုပ်ဖို့အတွက် အချိန် ၃ ရက်လောက် ပေးနေရတယ်,,,,,ဒါတောင်စာရွက်စာတမ်းစံုမှ မစံုလို့ကတော့ စဥ်းစားတာကြည့်တော့ဆိုပဲ  ,,,,တနေရာထဲ ONE STOP ဖြစ်ဖို့.မစဥ်းစားပေးတတ်တာခက်တယ်ဆိုပဲ ,,,, ,,,,,,,,, ,,,,,,,,, ,,,,,,,, ,,,,,,,,,, ခုကားတေွ အခွန် ၃% ဆောင်ခိုင်းတော့လည်း ဘာထူးလည်းကွာ ,,,, အခွန်ရံုးသွား ရာဖြတ်ဖြတ် အစိုးရဘဏ်မှာတန်းစီ ငေွသွင်း ,,,,, ချလန်ရရင် အခွန်ရံုးပြန်သွား ,,,,အခွန်စိမ်းစာရွက်ထုတ်(ဒီစာရွက်ထွက်ဖို့ အရေး လမ်းမေတာ်မြို့နယ်ဆို ၃ , ၄ရက် ချိန်းတယ်ဆိုပဲ) ကညန သွားလိုင်စင်ဝင် ,,,,, ခရိုင်မတူရင် ဆိုင်ရာ ခရိုင်ရံုးအတွက် ဝင်စာ ထွက်စာတေွ လုပ် အိုး ရှုပ်ရှက်ခတ်လို့ ,,,,,ဒါတေွ စိတ်ကုန်လို့ပြည်သူက ပြောင်းချင်ပါတယ်ဆို ,,,တိုင်ပတ်မယ့် အလုပ်တေွကိုပဲ ,လုပ်နေတော့ မခက်ဘူးလားကွာဆိုပဲ ,,,,,,, ,,,,,,, ,,,,,, ,,,,,,,,, ,,,,,,,,,,, နောက်ဘေ်ာဒါတစ်ယောက်ကတော့ FEC တေွ လဲပေးတော့ .....အစိုးရဘဏ် ကို လမ်းကြံုလို. ၀င်လဲပါတယ်တဲ့ ..ကောင်တာမှာ လူက မရှိ ....... ဘယ်သူ.မေးလို.မေးရမှန်းလဲမသိ ၊ တစ်ခြားကောင်တာက လူတေွကလည်းသူတို.နဲ. မဆိုင်သလိုနေ ၊ တစ်ယောက်နဲ.တစ္်ယောက် သောက်တင်းပဲပြောနေကြ.......ကိုယ့်စီလာတဲ့ ဖောက်သည်ကို မသိချင်ဟန်ဆောင်နေကြတယ်တဲ့.......ဘဏ်လုပ်ငန်းလုပ်တာတောင် အစိုးရက ရှံုုးတယ် ဆိုတာ စာစောင်တေွမှာ ဖတ်လိုက် ရတော့   နည်းတောင် နည်းသေး တယ်တဲ့.......ကိုယ့်စီလာတဲ့ .ဖောက်သည်ကို အလေးမှ မထား တတ်ကြတာတဲ့.... ........... ............. ................... .......................နောက်ရန်ကုန်မှာ ကားနဲ့ လိမ့်နေတဲဲ့ ဘော်ဒါကြီးကလည်း....ရန်ကုန်သားတေွ နေ့စဥ်ကြုံနေရတာကမီးပိွုင့်တေွ ကြာချိန်နံပါတ်တေွ ခဏ ခဏ ပြောင်းနေပြီး...တဖက်ယာဥ်ကြောကို အချိန်အကြာကြီးပေးထားပြီး...ယာဥ်မတိုက္် တိုက်အောင်ပညာတေွ ပေးနေ၊ ယာဥ်မတိုက် တိုက်အောင်ထိန်းနေကြတယ်တဲ့ ......တဖက်ထဲအကြာကြီးပေးတော့ယာဥ်မောင်းသူတေွ စိတ်မရှည် ၊ ဒါမှယာဥ်တိုက်များများဖြစ်.....အာရကေ များများရ....ဒီလိုခံယူထားတယ်ထင်တယ်....နိုင်ငံတော်က လဒ်ပေး လဒ်ယူ ပပျောက်အောင် လုပ်နေပေမယ့် တကယ့် လက်တေွ့ အပြင်မှာတော့ စည်းကမ်းဖောက်တယ် ဆိုပြီး ဘယ်ကို လာခဲ့ပါ ,,,,ဘယ်လောက်ပေးလိုက်ရတယ် ,,,,,စတဲ့၀န်ထမ်းတွေရဲ့ မကောင်းတဲ့အကြောင္်းတေွ ၊ အကျင့် ယုတ်တဲ့အကြောင်းတေွ အမြဲကြားနေရလေရဲ့ .......ဒီတော့  ဒီ စီမံ ခန်ခွဲမှု ၊ ဒီ ၀န်ထမ်း ၊ ဒီ လုပ် ပေါက္် ၊ ဒီ  သောက်ချိုး တေွနဲ.တော့ ဘာ .....ဘာ....ဘာတွေများဖြစ်လာ ၊..... ဘာ......ဘာ.......ဘာတွေများ   ကောင်းလာ ၊ .......ဘာ...... .ဘာ......ဘာတွေများတိုးတက်လာ မှာလို့လဲတဲ့..................

No comments:

(86) ဒုတိယ ဗိုလ်ချုပ်ရူးကြီး

 ဗိုလ်ချုပ်ရူးကြီးက တွဲဘောထည့်ထားတဲ့ ဒု အရူးကြီးကတော့အ ခြေအနေမကောင်းပါဘူး  မြဝတီကို အသိမ်းမခံရဖို့ မော်လမြိုင်မှာ အထိုင်ချ ကွပ်ကဲမယ်လုပ်တာ ပ...