မအလ 2021 အာဏာလုကတည်း က အာဏာရှင်တို့ ထုံးစံလာအတိုင်း သူလုပ်ချင်ရာ လုပ်တယ် အဲ့ဒီတော့ သူ့လက်အောက်က ဌာနဆိုင်ရာ တပ်ပြုတ် အရာရှိ အရာခံ ဝန်ထမ်းတွေကလည်း ခုလိုအချိန်မှာ ဘာမှလာမပြောနဲ့ ပိုက်ပိုက်ရဖို့ဘဲ ခေါင်းထဲ ထားကြတယ် သူတို့လုပ်တတ်က သူတို့နဲ့ဆိုင်တဲ့ သူ့အောက်က ညွန်ချုပ်တွေ ဒုညွန်ချုပ်တွေ ကိုရစ် ကန်တော့ ကြေးများများလာထား မပေးနိုင်လို့ကတော့ လာတ် ငွေရဖို့အရေး ဖိအားတွေပေး ရစ်မယ် ကြပ်မယ် ပေးနိုင်သူကို အစားထိုး ပြီး ရိတ်မယ် အိတ်ထဲထည့်မယ် ခေတ်ပျက်မှာ သူဌေးလုပ်ကြမယ်ဆိုတာ ဝန်ကြီးဌာနက တပ်ပြုတ်တွေ အကုန်ခံယူထားကြတယ် ဒီပြသာနာနဲ့ ပါတ်သတ်ပြီး PAW PAW တို့ပါကြရပြန်ပြီ ပေါ့ ။ ။ ။
နယ်တွေကို ကုန်ကားဆွဲနေတဲ့ ဘော်ဒါကြီးက တိုင်းပြည်က Fail State လုံးဝဖြစ်သွားပြီကွ မင်းတို့ ပြောသလိုဘဲ ဌာနဆိုင်ရာ မင်းက ဂါဖို့လုပ်ကြတာလား ခေတ်ပျက်ကြီးမှာ သူဌေးဖြစ်ကြံကြတာလား မသိပါဘူးကွာ ဝါးတားဂိတ်တွေကများပြီး အတောင်းကြမ်းကြတာ လွန်လွန်းတယ်ကွတဲ့ ဒါအပြင် အဖွဲ့တွေကလည်း နှစ်ဖက်လုံး ဘယ်သူ့ကိုအဖေခေါ်ရမလဲ မသိရ အောင်ဘဲ နယ် တွေမှာ အခြေ အနေ အတော်ဆိုးဆိုဘဲ လမ်းကြေးတွေ အဆမတန် ကောက်ကြတော့ နောာက်ဆုံး ကုန်စည်ပေါ်ထပ်ပေါင်းကြတော့ ကုန်ဈေးနှုန်းတွေဘဲတက်ကြရ တော့ အောက်ခြေက လက်လုပ်လက်စား ဘဝ တွေကြာရင် ရင်လေးစရာဖြစ်လာပြီကွဆိုဘဲ ၊ ။ ။
နောက် ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ဆိုင်ကယ် ကယ်လီတွေ တက္ကစီကားဆရာတွေ ကုန်တင်ကားကြီးတွေကိုလည်း 2021 က အာဏာသိမ်းပြီး နောက်ပိုင်း ဌာနဂါကြေး တွေ ကြောင့် ဘဲထင်တယ် ဘဲဥ ခေါင်းဖြူတွေ အတောင်းသောင်းကျန်းသလား မမေးနဲ့ဆိုဘဲ တားခံရရင် အပြစ်မရှိ အပြစ်ရှာ ငွေညစ် အနည်းဆုံး သောင်း ဂဏန်း မပေးရင် ဘောက်ချာဖြတ် ပြစ်မှူ ရှာ ပေး ရတယ် ဆိုဘဲ ဒီစားရိတ်တွေကလည်း နောက်ဆုံးပြည်သူစီဘဲ ထပ်ပေါင်းကြတော့ ကုန်ဈေးနှုန်းတွေ ထပ်တက်ရပြန်တာပေါ့ကွာတဲ့ ။ ။ ။
နောက်တခုက လျှပ်စစ်မီးဘဲ မီးမရတော့ မီးစက်တွေသုံးပြီး ကုန်ထုတ်လုပ်မှု လုပ်ကြ ရတော့ ဒီဇယ်ဘိုး ဓါတ်ဆီဘိုးက ကုန်ပစ္စည်းပေါ် ထပ် ပေါင်းကြရပြန်ကော နောက်တခုက ဒေါ်လာ လိုအပ်ချက်များလာလို့ ပို့ကုန်သမားတွေကို ညှစ်ယူလို့မလောက်တော့ မြန်မာငွေနဲ့ရသလောက် အပြင်မှာ လိုက်ဝယ်ရင်း မြန်မာငွေကျပ် ငွေ တန်ဘိုးကျ သလိုဖြစ်တာ တိုင်းပြည်လှည့်ပတ် ငွေကို အခွန်ကမရှာနိုင်ဘဲ တသောင်းတန် ငါးထောင်နဲ့ အသစ် တွေ ရိုက်ထုတ်ပြီး ဝန်ထမ်းလစာ စစ်စာရိတ်တွေ ဖြေ ရှင်း နေ တာ အမေ ရိကန်လို နိုင်ငံကြီးတွေကို တည့် အောင်မပေါင်း နိုင်တာတွေ ဟာ နှောင်နှစ် တွေမှာလည်း မြန်မာ ငွေတန်ဘိုးက ကုန်း ကောက်စရာ မရှိ အောင် ကျပြီးရင်း ကျ နေမှာ သေချာပါဘဲ