၀န်ကြီးဌာနတွေ ရဲ့ ထုတ် ပြန်ချက် ထုတ်ကြရာမှာ ပြည်သူ အများစုတွေ ရဲ့ လူမှုရေး ၊ စီးပွား ရေး အပေါ် ဘယ်လောက် အကျိုး၊ အပစ် သက် ရောက် မှုရှိလည်းဆိုတာ PAW PAW တို့ ဘော်ဒါ နဲ.ပြော ဖြစ်ကြတာ ပေါ့.....
စစ်အစိုး၇ အဆက်ဆက် လက်ထက်ကတည်းက စီးပွားရေး လေ့လာ နေတဲ့...... ဘော်ဒါ တစ် ယောက်ကတော့..... ၀န်ကြီး ဌာန တွေ အမိန့်ထုတ်ပြန်ကြတာ အရင် မဆလ ခေတ်ကတော့ ပြည်သူက ပြန်ပြီးအီး မ ပေါက်ရဲကြ ဘူးဆိုတော့...... ဌာန ကလည်း ပြည်သူ ကို ရှိတယ်လို့ မထင်ပဲ... ငါလုပ်ချင်သလို လုပ်မယ် ငါတို.လုပ်တာ ကောင်းတယ် ၊ မှန်တယ်.....ဆိုပြီးထင်တိုင်းကြဲခဲ့ကြတော့....ပြည်သူတွေ ဒုက္ခရောက် စီးပွားပျက်ကြ ဘ၀ပျက်ကြ ရတာပေါ့.....မ ဆ လ လက်ထက် ကြီးလာတဲ့ အစ်ကိုကြီး တစ်ယောက်ကတာ့ ....... ဦး နေ၀င်းလက်ထက် ....ပြည်သူပိုင် သိမ်းတာ တွေ ၊ စီးပွားရေး လုပ်တာကို ဆင်းရဲသား အများ သူငှာ တန်းတူ ညီမျှ ရေး ဆိုပြီး လူပိန်းကြိုက် ကြွေးကြော်ပြီး စူဇကာ ဆိုပြီး .....စီးပွားရေး လုပ်ငန်းရှင်ကြီး တွေရဲ့ လုပ်ငန်းနဲ့ ပိုင်ဆိုင်မှု တွေအကုန်ပြည်သူပိုင်သိမ်းခဲ့ ပေမယ့် တကယ့် ပြည်သူမပိုင် ဘဲ လုပ်ငန်း တွေရပ်ပြီး စီးပွား ရေးလုပ်ငန်း တွေပျက်စီးကုန် တော့တာပါဘဲ တကယ်က နိုင်ငံတော်ပိုင် လုပ်ခဲ့တာပါ ဝန်ထမ်း တွေထားပြီး စီးပွားလုပ်စေတော့ ခွင်ဖန် လာတ်စား လုပ်ငန်းတွေ အကုန်ပျက်စီး ရပ်တန့်ကုန် တော့တာပါပဲ
နောက်ပိုင်း တိုင်းပြည် အဖက်ဖက်က ကြပ်တည်းလာ တော့ ပြည်သူ တွေချွေးနည်းစာနဲ့ ရှာဖွေထားတဲ့ ငွေကြေးကိုလည်း တရားမဝင် ဖျက်သိမ်းခဲ့ ပြည်သူက နာကျည်းချက် တွေများလာ ..... နောက်ဆုံး ၈၈ ၇ဲ. ဒဏ်ခတ် တာခံရ တော့တာပါပဲကွာတဲ့.........ဒါ တွေ ကို သင်ခန်းစာ မယူပဲ......သူတိုအဖေကြီးရဲ့ဆိုး မွေကို လက်ခံ ခဲ့ကြတဲ့ သူတွေ န ဝ တ လက် ထက်မှာလည်း......၈၈ အရေးတော်ပုံမှာ ကျောင်းသား တွေကို လုပ်ငန်းရှင် တွေ က အမည် မဖော်ကြဘဲ .....ရံပုံငွေတွေ ထောက်ပံ ပေးကြတာကို .....ကြည့်မရတဲ့ထောက်လှမ်းရေးတွေက.......စီးပွားရေး သမားတွေ စီးပွား ကောင်းရင် နိုင်ငံ ရေးသမားတွေကို ငွေကြေးထောက်ပံကြတယ်......ဒီတော့စီးပွားရေးသမားတွေ စီးပွားရေး မကောင်း အောင် ၊ စီးပွားပျက် အောင်ဆိုပြီး.....ရည်ရွယ်ချက်ရှိရှိ နဲ. အလုံးစုံပျက်စီးအောင် လုပ်ရုံတင် အားမ၇ဘူး .......စစ်တက္ကသိုလ်မှာတောင် သင်ခန်းစာတစ်ခု အနေနဲ. သင်ကြားပို့ချ စေပြီး .....ရည်ရွယ်ချက် ရှိရှိ စီးပွား ရေး လုပ်ငန်းတွေ အခက်အခဲဖြစ် အောင်လုပ်စေ တော့တာပါပဲ ရန်ကုန်မြို့ကြီးက အဓိက ခံရတာပေါ့ကွာ မြို့တွင်းမှာ ပွဲရုံတွေ မရှိစေရ ဆိုပြီး ဘုရင့်နောင် ဒီရေတောထဲ ပို့ပြီး အဲဒီအချိန်က တိုင်းမှူး မျောက်ညွန့် က လုပ်ငန်းရှင် တွေကို ဆင်လိ ခွေးမျော် မလုပ်ကြနဲ့ ပြောင်းစရာ ရှိတာ ပြောင်းကြဆိုပြီး ဖိအားပေး အတင်း ပြောင်းခိုင်း တော့ ပြည်သွင်းက လုပ်ငန်းလေးတွေ ဘ၀ပျက်ခဲ့ရတာပေါ့ တဲ့......
နောက်တစ်ယောက်က ဘာ ထောက် ပြသလဲဆိုတော့ ......ကျန်းမာ ရေး၀န်ကြီးဌာနက ဇီးယို ၊ ဇီးယိုဇီးပေါင်း နဲ့ တခြား သောက်ရေသန့် လ္က က်တွေ ငါးပိတွေ၊ ငရုတ်ဆီတွေ စတဲ့ပြည်တွင်း ထုတ်ကုန်တွေမှာ စားမရတဲ့ ဆိုး ဆေးတွေ သန်ကောင်ဥတွေ ပါတဲ့ .....အကြောင်း ထုတ်ပြန်တာတွေမှာ ...... လုပ်ငန်းရှင် တွေ ကို ခေါ်ယူ တွေ့ ဆုံ... ပညာပေး ထွက်ပေါက် မပေးကြဘဲ ရည်ရွယ်ချက်ရှိရှိ လုပ်ငန်း တွေ ပျက်စီးအောင် သတင်းစာက ကြော်ငြာပြီး လုပ်ငန်းတွေ ကို ပိတ်သိမ်းအောင် လုပ်ခဲ့ကြတော့တာပါဘဲ ဆိုးဆေးတွေ သန်ကောင်ဥတွေ တကယ်ပါနေ လည်း နှောင်ဒီလိုမဖြစ်ရအောင် ပညာပေး နည်းပညာပေး လမ်းညွှန်မှု ပေးရင် ပိုမကောင်းဘူးလား .....သူတို.မှာ မ ကောင်းတဲ့ ရည်ရွယ်ချက် ရှိတော့ လုပ်ငန်းတွေ ပျက်စီးအောင် လုပ်ငန်းရှင်တွေကို ပညာပြတာပေါ့ ကွာတဲ့....
နောက်တစ်ယောက် ကလည်းပြောပြတာက ရန်ကုန်မြို့တွင်း (၆) မြို့နယ် .....မီးမလောက် တုန်းကလည်း အိမ်တွင်းမှု လုပ်ငန်း ငယ်လေးတွေ ကို......စက်မှုဇုံပို.တယ်ဆိုပြီးလုပ်ငန်း ရှင်တွေကိုမြေနီလမ်း သာရှိပြီး လယ်ကွက်တွေ ထဲ ရေ နုတ်မြောင်းမရှိ ဖြစ်သလို အဆောက်အဦးဆောက် သွားလုပ်ကြ အတင်းလုပ်ခိုင်းတော့ လုပ်ငန်း 50% လောက်က ဆက်မလုပ်ဖြစ်ကြ တော့ဘဲ လုပ်ငန်း တွေပျက်ဆီးသွားကြတာပေါ့တဲ့..... .....
အဲဒီတော့ ခပ်ရွဲ့ရွဲ့ ဘော်ဒါ တစ်ယောက်က ဘာထောက်ပြလဲဆိုတော့ ......... သူတို.လုပ်တာ တကယ်တန်းက လုပ်ငန်းရှင်ကို မထိ ပါဘူးကွာတဲ့..... လုပ်ငန်းရှင် ဆိုတာ ငွေ နဲ. ရင်းပြီး အလုပ်လုပ် နေကြတာ ဆိုတော့ ..... ဒီအလုပ် လုပ်လို. မရတော့လည်း ..... တခြားအလုပ် ပြောင်းလုပ်ကြမှာပါပဲကွာ 50% လောက် တော့ တခြားအလွယ်အလုပ် တွေဖြစ်တဲ့...... ကားတို. ၊ ရွှေတို. ၊ ဒေါ်လာတို.၊ အိမ်တို့. ၊ ခြံ တို. ဘက်ပြောင်းပြီး ရင်းနှီးမြုပ်နှံကြတာပေါ့ကွာတဲ့ ......ဒီတော့ ဆိုးကျိုးက...အလုပ်သမား လူတန်းစားကိုဘဲ သွားထိပြီး အလုပ်အာမခံချက် မရှိတော့ပဲ ....အလုပ်လက်မဲ့တွေ ဖြစ်သွားကြရပြီး.....သူများတိုင်းပြည် တွေကို သွားပြီး .တ၇ားမ၀င် အလုပ်သမားတွေ အဖြစ် ရောက်ကုန်ပြီး....သူများ မလုပ်ချင်တဲ့ အလုပ် တွေလုပ် ကိုယ့်ပြည်သူ တွေလုပ်ကြရတာပေါ့ကွာတဲ့ ......နဂိုက နဲ.နဲ. ဘဲရှိတဲ့ ထုတ်လုပ်မှု လုပ်ငန်းလေး တွေ လည်း အကုန်ရပ် သွားသလောက်တဲ့...... ဖြစ်သွားရတာ ပေါ့တဲ့.။။။။။
ဘော်ဒါ တယောက်ကတော့ တစ်ယောက်ကတော့ ၀န်ကြီး ဌာနတွေ .....ငါတစ်ကော ကောကြပြီး ပြည်သူကို အလေးမထား တာ ကတော့..... ဂတ်(စ) တွေ ဈေးတက်ယူ ........ပြည်သူကို အသိမပေး.....ကျောင်းသားတွေ ၊ အလုပ်သမားတွေ မနက် အလုပ်သွားဖို့ ဘတ်(စ)ကား တက်စီးမှ .....ကားခဈေးတက် ယူတာသိတော့....ပြသနာတွေတက် .....နောက်ဆုံးေ၇ွှဝါေ၇ာင် တော်လှန်ေ၇း အထိေ၇ာက်ခဲ့ ၇တာပေါ့ကွာတဲ့.......နောက်တစ်ယောက်ကတော့ အစိုး၇ မပြောင်းပဲနဲ. ၀န်ကြီးပြောင်းတာ နဲ.တင်..... ဘာကြောင့် အ၇င်ဝန်ကြီးဌာနဲ. စာချုပ် ၊ ချုပ်ဆိုထားတဲ့ စာချုပ်တွေက အသက်မ၀င်တော့တာလည်း....... အ၇င်လူလုပ်ခဲ့တာ ....ငါမစား၇တော့ ငါနဲ.မဆိုင်ဘူး လို.....ခံယူထား သလားမသိဘူးတဲ့....... ဘာဖြစ်လို.လဲ မေးမိတော့ .....ထွန်းကြည် ကုန်သွယ်ေ၇း ၀န်ကြီး ကနေပြုတ်တော့ သူနဲ.လုပ်ထားတဲ့လူတွေ ဘ၀ပျက်ခဲ့ ၊ စီးပွားပျက်ခဲ့ ကြတာ ...... နိုင်ငံခြား ၇င်းနှီး မြုပ်နှံမှုတွေ ၇ုပ်သိမ်းသွား ကြတာမတွေ့ဘူလားတဲ့...... တစ်ယောက်ကတော့....မင်းကလည်း ... ဒီဘက် အစိုး၇သစ် လက်ထက်မှာလည်း ဒီလိုပဲ ၇ှိနေတာပါပဲဆိုပဲ ....ဘာဖြစ်လို.လဲမေးတော့ သာကေတ စည်သွပ်ဗူး စက်၇ုံပြသာနာ...... နောက် ဆူးလေစေတီ နဲ. တစ်မိုင်တောင်မဝေးတဲ့ နေ၇ာလေတဲ့ ....အေ၇းထဲ ပဟေဋိ လုပ်နေသေး......တိ၇ိဆ်စာန်၇ုံက ကစားကွင်းလေ လုပ်စားမ၇တာ ၀န်ကြီး ပြောင်းကတည်းက မင်းမသိဘူးလားဆိုပဲ .....ကြုံမှ သိအောင် သွားကြည်၇အုန်းမယ် ......ဒါမှခေတ်မှီမှာ.........