(28).....အိမ်မက် ကလေးတော့....မက်..မက်..ခွင့်ပေးပါ

လူဆိုတာ....အသက်အရွယ် ကြီးရင့် လာရင်ပဲ ဖြစ်ဖြစ်.....ဘေး ပတ်ဝန်းကျင် ပယောဂ ကြောင့်ပဲ ဖြစ်ဖြစ်..... အတွေ့ အကြုံတွေ ရင့်ကျက်လာလို့ပဲ ဖြစ်ဖြစ်.....ဖိအားတွေကြောင့်ပဲ ဖြစ်ဖြစ်.....ငယ်ငယ်က အိမ်မက်တွေ ဘယ် လောက်ပဲ မက်ခဲ့ ၊ မက်ခဲ့....အတွေ့အကြုံတွေ အရ ၊ ခေတ် စံနစ်ရဲ့တောင်းဆိုချက်အရ  လိုက်ပါ    ပြောင်းလဲ ကြရတာ ဓမ်မတာပါပဲ..... တစ်နည်းဆိုရသော်  ခေတ်၇ဲ့ တောင်းဆိုချက်အရ ပြောင်းလဲ ကြ ရ တာကို....   ခေတ်မှီတယ် ၊ လိုက်မှီတယ် ၊ သူ့ခေတ် နဲ့သူ လိုက်နိုင်တယ်လို့ပဲ   ပြောရမှာပါနော်..... ဒီ အကြောင်းတွေနဲ့ ပတ်သက်လို့  PAW PAW   တို့အဖွဲ့ ပြောဖြစ်ကြတာ ကတော့.....ဘော်ဒါ  နိုင်ငံေ၇း သမားကြီး ကတော့ ..... တရုတ် ကွန်မြူနစ် နိုင်ငံ ဆိုတာ .....ဘာလုပ်လုပ် ၀ိုင်းလုပ် ၊ ၀ိုင်းစား နဲ့ အ င်္ကျီ တူညီ ၀တ်စုံကို ဖာထေး ၀တ်ကြရပြီး ..... ပုဂ်ဂလိက ပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိရ ဆိုတဲ့..... ကွန်မြူနစ် နိုင်ငံ တော် ကြီးဟာ..... တိန့်ရှောင်ဖိန် လက်ထက် ကြတော့.....ချမ်းသာတဲ့ နိုင်ငံတွေစီ ရောက်ပါများတော့ .....ကိုယ့် နိုင်ငံ နဲ့ ဥရောပနိုင်ငံတွေ ....ဆီ နဲ့ရေ လို ကွာနေတော့တာ ၊ ကိုယ့်နိုင်ငံ မွဲနေတော့တာ ၊ ကုန်းကောက် စရာမရှိတော့တာ.....အရှိကို အရှိအတိုင်း..... မရှက် ၊ မကြောက် လက်ခံပြီး.... ပြု ပြင်ခဲ့တော့..... နှောင်နှစ် (၂၀) လောက် အကြာမှာတော့..... ကမ့်ဘာ ဒုတိယ စီးပွားရေး အကောင်း ဆုံး နိုင်ငံအဖြစ်   ရောက်နေ ပြီပေါ့ကွာတဲ့.....နောက်ဘော်ဒါ တစ်ယောက်ကတော့.....ဒို့စီက ဟို   ထောက်လှမ်းရေး   ဟောင်းကြီး လည်း ဒီလိုပါပဲကွာတဲ့.....သူက ထောက်လှမ်းရေးချုပ် ဆိုတော့ .....သူတို့ အစိုးရ အာဏာ မြဲဖို့အတွက် ပြည်သူတွေ ၇ဲ့ စီးပွားရေး ၊ နိုင်ငံရေး ဘယ်လိုနှိပ်ကွပ် ရမယ်ဆိုတာ ဦးဆောင် လုပ်ခဲ့ရတယ် ..... ဒါပေမယ့် နိုင်ငံခြားတွေ ခရီး ထွက်ပါ များလာ တော့ .....ကိုယ့်နိုင်ငံ....သူတို့လုပ်လို့ ဘယ်လောက် ဆုတ် ပျက်နေပြီ ၊ ကျန်နေခဲ့ပြီ ၊ ခေတ်နောက်ကျ နေပြီ ၊ ပြည်သူတွေ ဘယ်လောက် မွဲနေပြီ ၊ အလုပ်လက်မဲ့တွေ ဘယ်လောက် များနေပြီ ......ဆိုတာ သဘောပေါက်လာပြီး ........ ကိုယ့်စစ်အစိုးရ ထဲက ဗိုလ်ချုပ်တွေ ဘယ် လောက် ကိုယ်ကျိုးရှာ.... လဒ်တွေစား နေကြတယ် ဆိုတာတွေပါ သိနေပြီး..... နိုင်ငံတကာ ဖိအားတွေ က လည်း များ လာတော့.....  ဒီ ၊ မို  ဘက် ယိမ်းတဲ့   လေသံ ပေးတော့..... အချင်းချင်း နှိပ်ကွပ်တာ ခံရတော့ တာပေါ့ ကွာတဲ့..... မြန်မာ့သ မိုင်း ကို   မွှေထား တဲ့ ဘော်ဒါ ကတော့..... ဒို့ဗိုလ်ချုပ်  တောင်... နိုင်ငံရေး စလုပ် ကာစ နဲ့ လွတ်လပ်ရေး ရအောင် လုပ်ခဲ့တဲ့ အချိန်ထိ.... .တွေးခေါ် ယူဆပုံတွေ မတူပါဘူးကွာတဲ့ ......ဘာ ဖြစ်လို့ လဲ မေးမိတော့.... မင်းတို့လေ့လာ ကြည့်တဲ့..... ကွန်မြူ နစ် ပါတီကို  စတည်ထောင်တဲ့  သူတွေထဲ မှာ ဗိုလ်ချုပ် ပါတယ်ကွတဲ့ .....နောက်ပိုင်းကျ တော့ တွေးခေါ်ပုံချင်း ၊ ယူဆပုံချင်း ၊ ခံယူချက်ချင်း  မတူလို့ ထင်တယ် .....ဗိုလ်ချုပ် ဆက် လှုပ်ရှားတာ မတွေ့ရတော့ဘူးတဲ့.....နောက်ပြီး လွတ်လပ်ရေး မ၇ခင်.....အင်္ဂလန်လို ဖွံ့ဖြိုး တိုး တက် ပြီးတဲ့ နိုင်ငံတွေေ၇ာက်ခဲ့တော့ .....ကွန်မြူ နစ်က  ကောင်းသလား ၊ ဆိုရှယ်လစ်က ကောင်းသလား ၊ အရင်းရှင် ( ဒီမိုကရေစီ ) ကကောင်းသလား....ဆိုတာကို....ကောင်းကောင်း သဘောပေါက်ခဲ့ ပုံပေါ်တယ် ..... ထင် တယ်တဲ့..... ဒီမိုကရေစီ စံနစ်( ပါလီမန် ) နဲ့ သွားမယ် ဆို၇င် ဘောင်းဘီ ချွတ် ၇မယ်ဆိုတာ .... အင်္ဂလိပ်က လက် ချာ၇ိုက် လိုက်တယ် ထင်တယ် ..... အဲဒီ ကတည်းက ဗိုလ်ချုပ်က စစ်တပ်ကနေ အပြီး ထွက်......   ဘောင်းဘီ ချွတ်ပြီး လွှတ်တော် တက်ခဲ့တာ ကွတဲ့...... အင်္ဂလိပ် လက်ထက် ကတည်းက ဒို့မြန်မာပြည် အတွက် ဗိုလ်ချုပ်က လမ်းပြခဲ့တာပါကွာတဲ့.....နောက်မှ အာဏာရှင်က  အာဏာမက်တော့ ....အကုန် ဖျက်ဆီး လိုက်တာပါကွာတဲ့ .......လွှတ်တော်ကို အမြဲ စောင့်ကြည့်   လေ့လာနေတဲ့   ဘော်ဒါကတော့..... မင်းတို့ ပြောသလိုဆို လွှတ် တော် ထဲက အမတ်တွေလည်း .... အတွေး ၊ အခေါ်တွေ ရင့်ကျက်လာအောင် ၊ ၀ါးလုံးခေါင်းထဲပဲ လသာ မနေရအောင်....ကိုယ့်ကိုကိုယ် ဟုတ်လှပြီလို့ ထင်ပြီး ....သွေး နံထင် မရောက် ရအောင် ....... အိမ်နီးချင်း နိုင်ငံတွေ ၊ အာဆီယံ နိုင်ငံတွေ ၊ ဥရောပ နိုင်ငံတွေ တိုးတက်နေတာ မျက်ဝါး ထင်ထင် မြင်ရ နိုင် အောင် .....နိုင်ငံခြား များများ လွှတ်ပြီး..... အတွေး ၊ အခေါ်တွေ ပြောင်းအောင် .... အတွေ့အကြုံတွေ ယူခိုင်းမှ ဖြစ်မယ် ထင်တယ်ကွတဲ့.....ခက်တာက ကိုယ့်ကို   ရွေးလွှတ် လိုက်တဲ့  ကိုယ့်   ဒေသတောင် .... နှံ့ စပ်အောင် မမွှေနိုင် ၊ မရောက်နိုင် .... ရောက်ဖို့၊ မွှေဖို့ အတွက် စရိတ် ကလည်း မလောက်ငှ ဆိုတာ နဲ့တော့ .....ဒီ လွတ်တော် ကိုယ်စားလှယ်တွေ အကုန် နိုင်ငံခြားလွှတ် ပြီး.... အတွေ့ အကြုံ ယူခိုင်းဖို့ ခက်ပါ့.... ဒီတော့ သူ တို့ကို နိုင်ငံ ခြား.....အိမ်မက် ကလေးတော့..... မက်.....မက်....ခွင့် ပေး သနား တော်မူပါ လေ......( တရုတ် နယ်စပ် ရွှေလီ ၊ ယ ပလက် နယ်စပ် ချင်းမိုင် ၊ မဲဆောက် တို့လောက် ပို့လိုက်၇င်တော့ .....နယ်စပ်လောက်တင်.....သဘော   ပေါက်လိမ့် မယ်........ထင်ပါ့.......ထင်ပါ့ ....)

No comments:

(84) ဦးနှောက်မှ မရှိ တာကိုး

 အရပ်ပုက သလို,,,,, ဦးနှောက်ကလည်း မရှိ ဘူးဆိုတာ ,,,,, ဗိုလ်ချုပ်ရူးကြီး မင်း‌‌ အောင် လှိုင် ကို  ပြည်သူတိုင်းက သိနေကြပေါ့ ,,,,, အရူးကြီးရာထူး...